ဆောင်းချစ်​တဲ့​နွေ

15.4K 330 26
                                    

ဆောင်းချစ်​တဲ့​နွေ

အပိုင်း ၁

ဆောင်း​လေညှင်းက​သွေ့​သွေ့​လေးတိုက်​​နေတယ်
တောင်​​ပေါ်​မြေမို့ ဆီးနှင်း​တွေက​ဖွေးဖွးလှုပ်​​နေ​အောင်​ကျ​နေတယ်
ချယ်​ရီ ပန်း​တွေ မက်​မွန်​ပန်း​လေး​တွေက အစွမ်းကုန်​ဖူးလို့ပွင့်​လို့

အပြာ​ရောင်​ဝတ်​စုံနဲ့ ​ကောင်​​လေးတစ်​​ယောက်​က​တော့ ​စောင်း​လေးကိုလှပစွာတီးခက်​​နေတယ်
ပြေပစ်​တဲ့နဖူးပြင်​ နီမြန်းတဲ့နှုတ်​ခမ်းလွှာ နူးညံ့တဲ့ မျက်​ဝန်း​တွေက တည်​ကြည်​ပြီးတုနှိုင်းမဲ့​နေသလို

ဒူးနား​ရောက်​​အောင်​ရှည်​တဲ့ ဆံပင်​နက်​နက်​​လေး​တွေက ​လေတစ်​ချက်​အ​ဝေ့မှာ ​ရောင်​ယမ်းပြီးလွင့်​​နေတယ်

နောက်​ထပ်
ပန်း​ရောင်​ဝတ်​စုံနဲ့ အရမ်းလှတဲ့ နတ်​သမီးလား နတ်​သားလားခွဲမရလူသား​လေးတစ်​ဦး ပန်း​တွေကြား​ဝေ့ကာဝဲကာ ပျံသန်းရင်း​ဆော့ကစား​နေတယ်

အစိမ်း​ရောင်​ဝတ်​​ကောင်​​လေးက​တော့ အရက်​တစ်​အိုးကို စိတ်​​ပြေန​ပြေ​သောက်​ရင်း

စောင်းသံရှင်​နဲ့ ပန်းသခင်​ကို မှက်​​မှောင်​ကြုတ်​ပြီးကြည့်​လိုက်​တယ်

ထိုလူသားသုံးဦးက​တော့ ကျင့်​ကြံခြင်း​လောကရဲ့ အထင်​ကရ နတ်​ဘုရားသုံးပါး

သူတို့အသက်​က ရာ​ကျော်​​နေပြီး တစ်​​ယောက်​တစ်​မျိုးစီ ထူးချွန်​ကြသူ​တွေဖြစ်​တယ်

စောင်းညှို့ရှင်​ ​ရှောင်းကျန့်

ပန်းသခင်​ ​ရှောင်​ဟွား

တောင်​​တောင်​သခင်​ ​ရှောင်းချန်

ရှောင်းကျန့်​က​တော့ ​စောင်းတီးကျွမ်းပြီး အသံနဲ့တင်​လူသတ်​နိုင်​တယ်
တည်​ကြည်​တယ်​ ခန့်​ညားတယ်​ ​လောကကြီးရဲ့အရှုပ်​​တွေထဲ ဝင်​ပါ​လေ့မရှိ လိုအပ်​မှသာ​ရှေ့ထွက်​လာသူ
သူတို့သုံးဦးထဲမှာ သိုင်းပညာအ​တော်​ဆုံး

ရှောက်​ဟွားက​တော့ မိန်းက​လေးအလားထင်​မှတ်​မှားရ​လောက်​​အောင်​ ​ချောလွန်းသူ သူကပန်း​ရောင်​သာဝတ်​တက်​တယ်
ချောသ​လောက်​ရက်​စက်​လွန်းတဲ့သူ သူကအ​မွှေးနံနဲ့တင်​ လူသတ်​နိုင်​တယ်

ဆောင်းချစ်​တဲ့​နွေ(complete)Where stories live. Discover now