ကိုယ့်လမ်းကိုယ်ဆီ လျှောက်ကြရင်း.......(Edit)

Magsimula sa umpisa
                                    

ကောနဲ့ဝေးရာမှာ မင်းပျော်ပါစေ.......'ဝမ်ရိပေါ်
..............................................................................,
အိပ်ရာနိးလာတော့ တစ်ဖက်ခြမ်းက အေးစက်တောင့်တင်းနေလျက်.........ကော ဘယ်ရောက်သွားတာပါလိမ့်။
အာ.......မေ့နေတာပဲ....ကောမှမရှိတော့တာပဲ။ကွာရှင်းပြီးပြီဆိုတော့ သူ့အိမ်ကထွက်သွားလောက်ပြီပေါ့။

မနေ့ကနေ့လည် ကွာရှင်းစာချုပ်ကို လက်မှတ်ထိုးပြီး ဂျက်စီကာနဲ့ ပါတီကို သွားလိုက်တာ အမူးလွန်သွားလို့ ညကဘယ်လိုဘယ်ပုံ အိမ်ကို ပြန်ရောက်မှန်းတောင်မသိ။

ဒီလူ ဒီတစ်ခါတော့ တကယ် သူ့ကိုထားခဲ့တာပဲ................
အဟက်......အဆင်ပြေပါတယ်......သူ့ဘဝမှာ မရှိလို့ ဖြစ်ဘူးဆိုတာကို မရှိခဲ့တာဘဲ..........

'တီ တီ တီ'
ဖုန်းမြည်သံကြောင့် ကိုင်မလို့လုပ်ပေမယ့် ပြန်ကျသွားခဲ့တယ်။ကြည့်လိုက်တော့ သူ့ရဲ့ မန်နေဂျာ'ကုဝေ'။ခေါ်ထားတာ ဆယ်ခါကျော်တောင်မှပဲ။

'ကျစ်' စောစောစီးစီးကွာ။ပြန်ခေါ်လိုက်တော့...........

'ဝမ်ရိပေါ် မင်းချက်ချင်း အင်တာနက်ဖွင့်ကြည့်လိုက်ပါဦး။မင်းသတင်းက နံပါတ်တစ်ပဲ'လို့ ဟောက်ရင်း ဖုန်းချသွားခဲ့တယ်။

ဘာလဲဟ။ဘာတွေ နာမည်ကြီးနေပြန်ပြီလဲ။

ဖွင့်ကြည့်လိုက်တော့ နည်းနည်းအံံ့သြသွာတယ်။ကျန့်ကောနဲ့ သူ့ရဲ့ ဓာတ်ပုံတွေ။ကျန့်ကောက luggage ဆွဲပြီး ဘူတာရုံမှာ ငူငူငိုင်ငိုင်ထိုင်နေတဲ့ ပုံတွေ၊ လက်နှစ်ဖက်ကို မျက်နှာအုပ်ပြီး ထိုင်နေတဲ့ ပုံတွေ၊ ရထားပေါ်တက်သွားတဲ့ပုံတွေ.........
ဘာလဲ။ကျန့်ကော ငိုနေတာလား?????

ပြီးတော့ သူ့ဓာတ်ပုံတွေ....... ပါတီမှာ သူနဲ့ ဂျက်ဆီကာ နမ်းနေတဲ့ ပုံတွေ၊ နမ်းနေတာထက်ဆိုးနေတဲ့ ပုံတွေ.......

အဆိုးဆုံးကတော့ သတင်းရဲ့ခေါင်းစဥ်ဘဲ။ဘာတဲ့ .....
'ရွှေမင်းသားနှစ်ယောက်ရဲ့ အဆုံးသတ်'တဲ့။
ဒီလူတွေ အင်မတန်လက်သွက်ကြတာဘဲ။ မနေ့ကမှ ကွာရှင်းတာ ချက်ချင်းကို သိသွားကြတာဘဲ။

မင်းချန်ရစ်ခဲ့တဲ့နေရာမှာ.........(completed)Tahanan ng mga kuwento. Tumuklas ngayon