Love is competition 2

9.1K 543 7
                                    


Love is competition
Part-2
Unicode
ဝမ်ရိပေါ်တစ်ယောက်နေ့လည်က တွေ့ခဲ့တဲ့ မျက်မှန်ဝိုင်းလေးနဲ့ ကောင်လေးတျောက်ကို မြင်ယောင်ကြည့်မိနေခြင်းပင်ဖြစ်သည်။
"ယုန်ပေါက်လေးလိုချစ်စရာကောင်းတဲ့ ကောင်လေးပါလား ၊စိတ်ဝင်စားဖို့လည်းအတော်ကောင်းသား 
သူဘာလို့ တွေ့သမျှလူကိုငြင်းလွှတ်တာလဲ တကယ်ဘဲ သူ့မှာ နှလုံးသားမရှိတာလား မဖြစ်ဘူး မဖြစ်ဘူး ငါအစီအစဉ်တကျ ချပြီး သူ့နားကပ်နိုင်ဖို့ လုပ်ရမယ် ငါရှုံးလို့မဖြစ်ဘူး၊အခုတော့ အိပ်ပြီကွာ ............................
ရှောင်းကျန့်တစ်ယောက် ကျောင်းသို့ လာရာလမ်းတွင်  အတွေးနယ်ပယ်ချဲ့၍လာခဲ့သည်။
မိုးရွာနေသည့်အတွက်ကြောင့် ထီးလေးဆောင်းကာ
လက်ထဲတွင်လည်း ကျောင်းစာအုပ်များနှင့်ပြည့်နေသည်။
'ငါမနေ့က မခံချင်စိတ်နဲ့ လောင်းကစားလုပ်ခဲ့တာ
ရည်းစားထားဖူးတာလည်းမဟုတ်ဘူး၊ဝမ်ရိပေါ် ငါ့ကို ရည်းစားစကားပြောဖို့ကအသာထား ချစ်လာအောင် ဘယ်လိုလုပ်ရပါ့' ထိုအချိန်တွင် အနီရောင်ကားတစ်စီးသည် အရှိန်ပျင်းစွာ မောင်းလာသောကြောင့် အနီးရှိ ဗွက်အိုင်မှ ရေများ ရှောင်းကျန့်ပေါ်သို့ စင်ကုန်တော့တယ်။
"အားးး ငါ့အင်္ကျီတွေ စိုကုန်ပြီ ဟိုကားခဏရပ်အုန်း "
ထိုအချိန်တွင် ကားက ရပ်ကာ၊ နောက်ပြန်ဆုတ်လာသည် ၊ချထားသော မှန်မှတဆင့် ကားထဲငုံ့ကြည့်လိုက်တော့ တွေ့လိုက်ရသော လူတစ်ယောက်ကြောင့် ရှောင်းကျန့်မျက်လုံးပင် ပြူးသွားရသည် ။
ဟမ် ဝမ်ရိပေါ်ပါလား.................
ဝမ်ရိပေါ်ကားပေါ်မှ နှုတ်ခမ်းလေးကွေးညွှန့်ကာပြုံးပြပြီး ရှောင့်ကျန့်အား စကားလှမ်းပြောလိုက်လေသည် ။
Yibo :မိုးရွာနေတာကို ကျောင်းကို လမ်းလျှောက်လာရအောင် မင်းမှာ ကားမပါလာဘူးလား 
XZ; ငါ့မှာ ကားရှိတာ ဘယ်လိုသိလဲ
YB: မင်းပုံစံကြည့်တာနဲ့ သူဌေးသားဆိုတာ သိတာနေတာကို လာကားပေါ်တက်
XZ: ကျောင်းရောက်တော့မာကို ဘာလို့တက်ရမာလဲ
YB: အဝတ်စိုတွေနဲ့ကျောင်းသွားမလို့လား ငတုံးလေး တက်မာသာတက်စမ်းပါကွာ မင်းကို ကားတင်မပြေးပါဘူးကွာ
ရှောင်းကျန့်ကတော့...............
"ဟာ ဒါငါ့ဂွင်ဘဲ သူနဲ့ ရင်းနှီးလုပ်ရမယ် ငါလိုက်သွားရမယ် အမယ်အခုလိုကျ ငါလေးအတော်ညဏ်ကောင်းပါလား "
ဝမ်ရိပေါ်ကားပေါ် တက်လာသောယုန်ပေါက်လေးအား  အပေါ်ဝတ်ချွတ်ပေးကာ ခြုံပေးလိုက်သည်။
ပြီးနောက် တဖြည်းဖြည်း ရှောင်းကျန့်နားကပ်လာကာ  နောက်မှာရှိတဲ့ ခါးပတ်ကြိုးကိုယူကာ ပတ်ပေးလိုက်သည်။ထိုနောက် ကားကို ကျောင်းဘက်မဝင်ဘဲ ပြန်ကွေ့သွားလေတော့သည်။
ယုန်ပေါက်လေးကတော့ ခုနက သူ့နားကပ်လာတဲ့
ဝမ်ရိပေါ်မျက်နှာကြောင့် လက်ဖြန့်ကာ ခြေမကိုင်မိလက်မကိုင်မိဖြစ်နေလေတော့သည် 
ဝမ်ရိပေါ်မသိချင်ယောင်ဆောင်ကာ 
Yibo :ဒါနဲ့ မင်းနာမည်က?
XZ    :ငါ့နာမည် ရှောင်းကျန့် 
Yibo. :ငါ့နာမည်က ဝမ်ရိပေါ် မှတ်ထားနော် ခုကစပြီးငါတို့ သူငယ်ချင်းတွေဖြစ်သွားပြီ။
YB: မင်းကားကဘာလို့ပါမလာတာလဲ
XZ: ငါ့ကားက ပျက်နေလို့ပြင်ထားတာ ပါးကကုမ္ပဏီသွားရင်း ဝင်ပို့ထားခဲ့တာ
YB : အော် ဒါဆိုအပြန်ကျတော့ရော မင်းရဲ့ပါးလာခေါ်မာလား 
XZ : ဟုတ်ဘူး အပြန်တော့ ငါ့သူငယ်ချင်းတွေ လိုက်ပို့ခိုင်းမာ 
YB : ဒါဆို သူတို့ကို မပို့ခိုင်းနဲ့တော့ ငါလိုက်ပို့မယ်
ရှောင်းကျန့်မျက်လုံးပြူးကာ မင်းငါ့အိမ်သိလို့လား
YB: မသိလို့ မင်းပါတုန်းလိုက်ပို့်မာလေ သူငယ်ချင်းတွေဖြစ်သွားပြီဆိုတော့  မင်းအိမ်ကို ငါ့သိသင့်တာပေါ့ဟုတ်ဘူးလား ရိပေါ် ကပြုံးပြုံးလေးဆိုလာသဖြင့်
ရှောင်းကျန့် မငြင်းချင်တာနဲ့ကွက်တိဖြစ်သွားတော့သည်။ခဏနေတော့ ကားလေးက wang supermarket မှာရပ်လိုက်လေပြီ။
ရိပေါ်တစ်ယောက် ရှောင်းကျန့်အား ကားတံခါးဖွင့်ပေးကာ လာသွားရအောင်
XZ : မင်းဘာလို့ဒီလာတာလဲ?
YB : ငါ့ကြောင့် မင်းအင်္ကျီတွေစိုကုန်ပြီလေ ငါအစားဝယ်ပေးချင်တာပါ မငြင်းရဘူးနော် သူငယ်ချင်းဖြစ်အထိမ်းအမှတ်အနေနဲ့ လက်ဆောင်ပေးတယ်လို့သဘောထားလိုက် ......

Love is competition  ( complete )Dove le storie prendono vita. Scoprilo ora