8

1.2K 136 38
                                    

" ကိုယ်...မင်းကို စတွေ့တည်းက ချစ်ခဲ့တာပါ..။ ကိုယ့်အချစ်ကို လက်ခံပေးမယ်မဟုတ်လား"

" ဟုတ်....လက်ခံပါတယ်။ ကျွန်မလည်း ရှင့်ကို ချစ်ပါတယ် "

ခေါင်းလေးငုံ့ကာ ရှက်သွေးဖြာနေသည့် မိန်းမလှလေး၏ မျက်နှာလှလှလေးနှင့် သူမထက် ခေါင်းတစ်လုံးစာ ပိုမြင့်သော ကောင်လေး၏ ရီဝေဝေအကြည့်များ။ ထို့နောက် ကောင်လေးက ရှေ့တိုးလာသည့်အလျောက် နီးကပ်လာသော အနေအထားနှင့် မှေးမှိတ်လိုက်သော မိန်းမလှလေး၏ မျက်ဝန်းအစုံက ရင်ဖိုစရာ။ နောက်ဆုံး ထိကပ်သွားသော နှုတ်ခမ်းလွှာတစ်စုံ၏ ရစ်မူးဖွယ်အချစ်ခန်းလေးတစ်ခုက လှပစွာ ပုံပေါ်လျက်....။

ဖန်သားပြင်ထက်က သရုပ်ဆောင်နှစ်ယောက်နှင့်အလားတူစွာ ခံစားခဲ့ရသော လှိုက်ဖိုမှုတစ်ချို့ကို ပြန်တွေးမိတော့ မျက်နှာထက် နွေးခနဲ။ ဇာတ်ဆောင်မင်းသား၏ မျက်ဝန်းများက တစ်နေ့က အကြည့်ခံခဲ့ရသော ထိုအကြည့်များနှင့် ဆင်တူစွာ လေးနက်နေသည်။ ထိုထက်ဆိုးသည်က ပြန်တွေးမိရုံနှင့် ရင်အစုံ လှိုက်မောရသည်။

" ဟွန်းနီ...ဆောရီး။ ငါကျော်ပေးမယ်နော်"

စားပွဲပေါ်က Remote ကို အလျင်အမြန်ယူကာ TV မှာလာနေသော Kiss scene ကို ခပ်သွက်သွက်ကျော်လိုက်သော Jongin က ဟွန်းနီကို မကြည့်ရဲဘူးအထင်နှင့်။

" ဟက်...မင်းကကွာ။ ငါ့တူလေးတောင် ကြည့်ရဲတာကို"

ငုံ့ထားသည့် ခေါင်းကိုလာဖွကာ သူမွေးထားသည့် သူ့သားလို ဆက်ဆံနေသော ချီးထုပ်ကောင်ကို ကြည့်မရသော်လည်း ကိုယ်ရှက်တာကိုယ်သာသိတာမို့ ပြန်မချေပတော့ပါ။

ဒီကောင် ဒါတွေပြောလည်း နားလည်မှာမဟုတ်ပါဘူး။

" Jonginnie...."

ဇာတ်လမ်းကို ပြန်၍စိတ်ဝင်စားနေသည့် Jongin ကို ခပ်တိုးတိုးလေးခေါ်လိုက်တော့ ခေါင်းလေးစောင်းကာ ပြန်လှည့်ကြည့်သည်။

ပိတ်ရက်မို့ ဟွန်းနီအိမ်မှာ ရုပ်ရှင်လာကြည့်ခြင်းဖြစ်သည်။ ဒါ ဟွန်းနီတို့သူငယ်ချင်းတွေ ငယ်ငယ်တည်းက လုပ်နေကျ အလေ့အထလေးပင်။ အရင်က တစ်ယောက်အိမ်တစ်လှည့်စီ စုပြီးကြည့်တတ်ပေမယ့် နှစ်ယောက်တည်းရှိတည်းက Jongin က ဟွန်းနီဆီကိုသာ လာလေ့ရှိသည်။

𝘽𝙤𝙨𝙨 𝙄𝙨 𝙈𝙞𝙣𝙚😎 (𝙍𝙚𝙥𝙪𝙗𝙡𝙞𝙨𝙝)Where stories live. Discover now