Dashing through the
snow in a one - horse
open sleigh,
O"er the field we go ,
Laughing on the way.
Bell on bob - tails ring,
Marking spirits bright.
What fun it is to ride
And sing an sleighting
Song tonight, oh!
( Jingle bells, jingle bells,
Jingle all the way ,
Oh what fun is to ride in a one-horse
Open sleight, hey! )²
ခရစ်စမတ် နေ့မဟုတ်တာတောင်
Chirstmas သီချင်းကို တိုးတိုးလေး ဖွင့်ထားတဲ့ မြို့အစွန်မှာရှိနေတဲ့ အိမ်သေးသေးလေးတစ်အိမ်...။
ခရစ်စမတ် သီချင်းသံလေးနဲ့အတူ ရောင်စုံမီးသီးလေးတွေဖြင့် အိမ်ခေါင်မိုးလေးတွေအ ပေါ် မှာ အလှဆင်ထားတဲ့ ချစ်စရာအိမ်လေး...။
ကြည့်ရုံနဲ့တင် စိတ်ကြည်နူးလှအောင်
လှပတဲ့ တောင်ပေါ် ဒေသရှိအိမ်လေး...။
ခရစ်စမတ် နေ့မဟုတ်တာတောင် ဒီလိုမျိူး အပြင်အဆင် လုပ်ထားတာက
အနည်းငယ်ထူးဆန်းနေတယ် ဆိုပေမဲ့ ဘယ်သူကမှ လာဖြုတ်ခိုင်းမည်မဟုတ်...။
ဒါပေမဲ့ ချစ်ဖို့ကောင်းလွန်းတဲ့အိမ်လေးရဲ့
အထဲကို ဝင်ကြည့်လိုက်မယ်ဆို မီးလင်းဖိုလေး နဲ့ ခရစ်စမတ် သစ်ပင်လေးပဲ တွေ့ရပြီး သက်ရှိဆို၍ တစ်ကောင်တစ်မြီးမှ တွေ့ရမည်မဟုတ်ပေ ။
အိမ်လေးရဲ့ အတွင်းမှာတော့ အပြင်ပန်းနဲ့ မတူညီလှစွာ သွေးညှီနံ တစ်ချို့ ရစ်ဝဲနေသည်။အဓိက အားဖြင့် မြေအောက်ခန်းလေးမှာ မိန်းမတစ်ယောက်၏ သနားစဖွယ် ငိုယိုသံနှင့် နာကျင်စွာ အော်ဟစ်နေတဲ့အသံ ။
သူမ အရမ်းပျော်သည်...။
ဒီလို မိန်းမတွေကို ဒီလိုမျိုးနေ့တွေမှာ ငိုယိုပြီး အသနားခံနေတဲ့ပုံတွေ တွေ့မြင်နေရတာကို ။Batty သူ့ရဲ့ ခြေရင်းမှာ သွေးအလူးလူး ဖြင့် ငိုယိုတောင်းပန်နေတဲ့ မိန်းမကို ကြည့်လိုက်သည်။ သူမှတ်မိနေပါသေးသည်။
ဒီမိန်းမက သူ့မရဲ့အတန်းထဲက ကျောင်းသူတစ်ဦးရဲ့ အမေ ။သူမက ကျောင်းသူလေးရဲ့ ကိုယ်စား ကျောင်းသူလေးရဲ့အမေကို လက်စားချေပေးခဲ့တာလေ ။ကျောင်းသူလေး သိရင်ပျော်သွားမှာလား ။
တနည်းအားဖြင့် သူမရဲ့ သူငယ်ချင်းလေးသာ ဒီအကြောင်းကိုသိရင် ပျော်သွားမှာလား ။အမြဲတမ်း သူမရဲ့ သူငယ်ချင်းမလေးက စိတ်ညစ်နေတတ်သည်။ ထိုစိတ်ညစ်ခြင်းရဲ့ မြစ်ဖျားခံရာနေရာက သူ့မရဲ့အမေတဲ့ ။အခု သူမရဲ့ သူငယ်ချင်း ဘယ်တော့မှ စိတ်မညစ်စေရတော့ဘူး ။ ဒါပေမဲ့ ထိုတစ်ဦးတည်းသောသူငယ်ချင်းမလေးက
Batty ကို သူငယ်ချင်းအဖြစ်လက်ခံခြင်းမပြု သေး။
