"ရပြီ ငါ့သက်သာပြီ "

" ခေါင်းမကြည်သေးရင် သံပုရာရည်တစ်ခွက်သောက်ပါ့လား ကျွန်တော့်သွားဖျော်ပေးမယ် "

" မဖျော်နဲ့တော့ ငါ့ရေချိုးလိုက်ရင်
သက်သာသွားမှာပါ
မင်းအခုအပြင်ထွက်တော့ "

"ဟုတ်ကဲ့ သခင်လေး
ကျွန်တော့်အပြင်ထွက်နေပါ့မယ် "

သခင်လေး ကျွန်တော့်ကိုဘာကြောင့် စိမ်းနေပါ့လိမ့်

" တစ်ခုခုလိုအပ်ရင်..."

" ဘာမှမလိုအပ်ဘူး မြန်မြန်ထွက်တော့ "

"ဟုတ်ကဲ့ "

ထွက်သွားတဲ့ ကောင်လေးကျောပြင်ကိုကြည့်ပြီး
နေမခ ခုန်နေသောရင်ဘတ်ကိုဖိလိုက်သည်။

"ငါ့ရင်ခုန်နေတာလား..နေမခ မင်းရူးနေပြီလား "

   အခုတလောဒီကောင်လေးကိုမြင်ရင် သူရင်ဘတ်ကြီး ဘာကြောင့်ခုန်လာရတာလဲ။ ဒီကောင်လေး ဒီအိမ်ရောက်တာ ခုနစ်နှစ်ရှီပြီ အဲ့လိုတစ်ခါမှမဖြစ်ဖူးဘူး ဒီကောင်လေး အရွယ်ရောက်လာတာနဲ့အမျှ ခန့်ညားပြီး ကြည့်ကောင်းလာသည်။

   မဖြစ်ဘူး ကောင်လေးတစ်ယောက်ကိုချစ်မိရင် ကျွန်တော့်အသိုင်းအဝိုင်းကြားမှာ
ကျွန်တော်ဟားခံရမှာ မဖြစ်ဘူး ဆင်ဆင်ခြင်ခြင်နေမှရမည်။

🏫

     စံအိမ်ကြိးရဲ့မနက်စာထမင်းဝိုင်းတွင် အဘိုးက အမြဲလူစုံ တက်ဆုံနဲ့ မနက်စာနဲ့ညစာကို စားတက်သည်  အားလုံးက
အဘိုးရဲ့အမိန့်ကိုမလွန်ဆန်ရဲပေ သခင်လေးနေမခကလွဲပြီးဖြစ်သည် အဘိုးက သခင်လေးကိုအချစ်ဆုံးဖြစ်သလို သခင်လေး နေမခကလည်း သူအဖိုးကိုအရမ်းချစ်သည်

"မြေးငယ်လေး ဒီည ပါတီတက်ရမယ် အဘိုးရဲ့သူငယ်ချင်း ဦးဘုန်းမြင့်ပါတီပွဲ သူမြေးမပြန်လာလို့လုပ်ပေးတာ လူငယ်တွေတက်မဲ့ပွဲဆိုတော့ မြေးငယ်လေးက တက်ပေးရမယ် ''

"ကျွန်တော်မသွားချင်ဘူး အဘိုး အစ်ကိုသာ လွတ်လိုက် ''

"မြေးငယ်ကိုဘဲ အဘိုးသွားစေချင်တယ် မြေးကြီးကညနေ အလုပ်ကိစ္စနဲ့စင်္ကာပူကိုသွားရမှာ "

သခင်လေးရဲ့ကချေသည်Where stories live. Discover now