"မင်းနေခဲ့ သူရိန်လိုက်ပို့လိမ့်မယ် ''

" ဗျာ! "

မောင်းထုတ်ခံရတဲ့ ခံစားချက်မျိုးဖြစ်သည်။

"ဟုတ်ကဲ့ ''

ထွက်သွားတဲ့ သခင်လေးကျောပြင်ကိုကြည့်ရင်း
သက်ပျင်းချမိသည်
သူသခင်လေးနဲ့ ဒီလို့နေ့တိုင်းနေရတာ
ကျွန်တော်အရမ်းပျော်သည်။ ဒါပေမဲ့ သခင်လေးက အခုတော့ သူ့ကိုအရင်ကထက် မခိုင်းတော့ဘူး

🕍

နေမခ မြန်မာနိုင်ငံရဲ့ ထိပ်တန်း တော်ဝင်ရတနာကုမ္ပဏီရဲ့ အငယ်ဆုံးသူဌေးလေးပါ
တော်ဝင်ရတနာကုမ္ပဏီကို
အဘိုးကဦးစီးပြီး အောင်မြင်လာတဲ့အချိန်မှာ နေမခ အဖေကဦးစီးပါတယ်။ အခုတော့ သခင်လေးတို့ညီအစ်ကိုက လုပ်ငန်းတွေဦးစီးလုပ်ကုန်နေပါတယ်။ တော်ဝင်ကပိုင်ဆိုင်တာတွေက အများကြီးပါ ဟိုတယ်တွေ အပန်းဖြေစခန်းတွေ စားသောက်ဆိုင်တွေ Market Shopping တွေအကုန် တော်ဝင်ရတနာကပိုင်ဆိုင်ပါတယ်။ အဘိုး အဖေ အမေ သားကြီးဖြစ်တဲ့ သခင်လေး နေလင်းက အငယ်ဆုံးဖြစ်တဲ့ နေမခကို တော်တော်ချစ်ပါတယ်။ အားလုံးရဲ့အလိုလိုက်ခြင်းခံရတဲ့ သခင်လေး နေမခဟာ ဒီစံအိမ်ကြီးမှာ
အာလုံးကိုချုပ်ကိုင်နိုင်သည် ကျွန်တော်ကတော့ မိမရှီဖမရှီတစ်ကောင်ကြွက်  ဒီစံအိမ်မှာ သခင်လေး
နေမခ လိုရာကိုအမြဲလုပ်ပေးနေတဲ့ လူတစ်ယောက်ပဲဖြစ်သည်။

🏫

    သခင်လေးပြန်လာတာနဲ့ မိုးထက်သခင်လေးအခန်းထဲကိုဝင်လာလိုက်သည်။

"ဒီနေ့ ကျွန်တော်ကို ဘာလို့အလုပ်ကိုမခေါ်တာလဲ ''

အိမ်မှာနေခဲ့ရတဲ့အတွက် မိုးထက်သာ
မကျေနပ်ကာ ဆိုလိုက်သည်။

"ဒီနေ့တစ်ရက်တော့ မင်းကို
အိမ်မှာနားခိုင်စေချင်လို့ပါ ''

"ကျွန်တော် သခင်လေး ဘယ်သွားသွား သခင်လေးနောက်ကဘဲ အမြဲလိုက်ချင်တယ် နောက်ဆို အိမ်မှာမထားခဲ့ပါနဲ့ ''

"အင်း အခုတော့ငါအရမ်းပင်ပန်းလာတယ် ''

မိုးထက် သူလက်နဲ့ သခင်လေး နထင်ကို နှိပ်ပေးလိုက်သည်  မျက်စီမှိတ်ရင်းနဲ့ ဇိမ်ခံနေတဲ့ သခင်လေးမျက်နှာကို အနီးကပ်ကြည့်ပြီး ရင်ခုန်နေမိတာလည်း အကြိမ်ကြိမ်ပါဘဲ မြင့်မြတ်တဲ့ သခင်လေးနဲ့မထိုက်တန်တဲ့ ကျွန်တော်ဟာသခင်လေးဘေးမှာ နေရတာကိုဘဲကျေနပ်နေသူပါ

သခင်လေးရဲ့ကချေသည်Where stories live. Discover now