မင်းနဲ့ ငါ.....(.သူငယ်ချင်း)
အပိုင်း ၁
"ဟောင့်ဝမ်ရိပေါ် ငါနဲ့မင်းမျှားပစ်ပြိုင်မယ်"
"ကောင်းပြီလေ ရှုံးတဲ့သူ အရက်တစ်အိုးကုန်အောင်သောက်ကြေး"
"အဟတ် ပါးပါးလေးပါကွာ"
Xz မြင်းစီးပြီး မျှားကိုထုတ်လိုက်တယ်
ပျံနေတဲ့ငှက်တစ်ကောင်ကိုပစ်လိုက်တယ်
ဘုတ်
ငှက်ထိပြီးမြေပေါ်ကျလာတယ်
ရိပေါ်မဲ့ပြုံးပြုံးလိုက်ပြီး မျှားကိုထပ်ချိန်လိုက်တယ်
နောက်ထက်ငှက်တစ်ကောင်မြေပေါ်ပြုတ်ကျလာပြန်တယ်လက်ရည်တူနှစ်ယောက်ရဲ့ မျှားပစ်ပြိုင်ပွဲက အရမ်းကြည့်ကောင်းနေတယ်
ညတောင်စောင်းလာခဲ့ပြီ
ဝှစ်
ဒီတစ်ခါမှာတော့ Xz လွဲသွားခဲ့တယ်
သူကမျက်လုံးမှုန်တဲ့အတွက် နေဝင်ရီတရောအချိန်ဆို မှုန်သွားပြီ"အဟား Xz မင်းရှုံးပြီ"
"ငါ မှုန်နေလို့ကွ"
"ရမလား ဘယ်လိုဖြစ်ဖြစ်မင်းရှုံးတာပဲ"
"ပြီးတာပဲ သောက်ဆိုလည်းသောက်တာပေါ့"
Xz အိုးတစ်ဝက်ပဲရှိသေးတယ်
မျက်နာကရဲလာပြီ xz အရက်သောက်ရင် ရိပေါ်အရမ်းသဘောကျတာ ပါးလေးတွေရဲနေတာများ အပျိုလေးရှက်သွေးဖြာနေသလိုနေဝင်ရင် Xz မျက်စိမှုန်တတ်တာသိပေမယ့်
အရက်သောက်ရင်ရဲလာတဲ့ ပါးရဲလေးကိုကြိုက်တာကြောင့်တမင် အလျော့မပေးခဲ့ခြင်းပဲပြီးရင် သူကအရက်မူးရင်ပြောချင်ရာလျောကိပြောတာ သူ့ဖိအားလေးတွေ အနည်းငယ်သက်သာစေတယ်
"ကဲလာ နောက်နေ့မှ တစ်ဝက်ဆက်သောက်တော့ အခုတော့ ငါမင်းအခန်းပို့ပေးမယ်"
YOU ARE READING
မင်းနဲ့ငါ သူငယ်ချင်း..(complete)
Fanfictionနန်းတွင်းပုံစံလေးပါ ကိုယ်ရေးသမျှထဲမှာ အားအရဆုံးလေးပါ အကွေ့အကောက် အငိုအရီပေါင်းစုံ ခံစားရမယ်ထင်တယ်