ဤအခြေအနေကိုကြုံရတော့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိအောင် သွေးပျက်သွားသည်။ တစ်ခုခုဖြစ်တိုင်း အရင်ဆုံးသတိရမိသူက...

"ဟဲလို မေမေလား သားလေ..."

***************************************

အဆင့်မြင့်ဆေးရုံတစ်ခုရဲ့ သီးသန့်ဧည့်ခန်းထဲမှာ လင်းသန့်ကိုနှင့် ဒေါ်ယမင်းခင်အပြင် လူနာရှင်ဖြစ်သူ အမျိုးသမီးငယ်က မျက်ရည်‌ေတွလဲ့‌ေနသည့်မျက်ဝန်းများနှင့် မျက်နှာချင်းဆိုင်မှာ ကုပ်ကုပ်လေးထိုင်နေရှာသည်။

'ဝုန်း'

တံခါးကိုဆောင့်တွန်းပြီးဝင်လာတဲ့ ညီညီ...

"ကိုကို ဘယ်လိုများဖြစ်ရတာတုန်း။ ကိုကိုရောထိခိုက်သွားတဲ့နေရာရှိလား ဟင်!"

"ကိုကိုကဘာမှမဖြစ်..."

"ရှင်းသန့်ညီ! မင်းနဲ့ဘာဆိုင်လို့ဒီနေရာအထိရောက်လာတာလဲ အခုထွက်သွားစမ်း"

"မေမေ သားကိုမမြင်ချင်တာသိပေမယ့် အခုခဏလေးတော့သည်းခံပေးပါလား။ ကိုကို့ကိစ္စကိုမျက်နှာလွှဲမထားနိုင်လို့ပါ"

"ငါ ဆိုတဲ့အမေတစ်ယောက်လုံးရှိနေတာပဲ မင်းကိုဘယ်နေရာသုံးစားဖို့လိုမှာလဲ!"

"မေမေ တော်ပါတော့။ သူစိမ်းလည်းရှိနေတာကို..."

ကိုကို့ရဲ့ခပ်တိုးတိုးတားမြစ်သံကြောင့် မေမေချက်ချင်းငြိမ်ကျသွားသည်။ ကိုကို 'လင်းသန့်ကို' ဆိုသည်မှာ မေမေ ချစ်ရသောသားလေး...

ကိုကိုပြောတဲ့ သူစိမ်းဆိုသူကို လှမ်းကြည့်လိုက်တော့ ရင်စေ့အင်္ကျီလက်ရှည်နှင့် ထဘီကိုဝတ်ထားပြီး ဆံပင်ရှည်ကို‌ေနာက်‌ေကျာဘက်စုသိမ်းကာ ခပ်လျော့လျော့စီးထားသည်။ ခေါင်းငုံ့ထားသဖြင့် မျက်နှာကိုတော့သေချာမမြင်ရ။

"ကိုကို သူက..."

"လူနာရဲ့ဇနီးလောင်းတဲ့..."

"ကိုကို ခဏလောက်.."

အထဲမှာပြောရန် မသင့်တော်သည့်အတွက် ကိုကို့ ကို အခန်းအပြင်ခေါ်ထုတ်လာခဲ့သည်။

"ကိုကို လူနာအခြေအနေကဘယ်လိုလဲ"

"ဆုံးသွားပြီ"

တွယ်ငြိခြင်း THEORYWhere stories live. Discover now