“မေ ရေ…”
ယာတို့ သားအမိ ဆေးခန်းသွားချိန် တစ်ယောက်တည်းပျင်းတာနဲ့ နှင်း အိမ်၀မှာ ထိုင်ပြီး..စတော်ဘယ်ရီ လေးတွေ ခြင်းထဲ ထည့်ပေးနေတာ..၀င်လာတာ မိန်းကလေးချောချောတစ်ယောက်…။
“မေ..မရှိဘူး..ညီမလေး..ဆေးခန်းသွားတယ်..”
“ဟင်…ဟုတ်လား..မမ က ဘယ်က”
“ရန်ကုန်ကပါ..”
“အော်..ယာယာ နဲ့ သိတာပေါ့နော်..”
“အယ်…အင်း…”
“ယာယာ ပြန်ရောက်နေတယ် ကြားလို့ လာတာ သူနဲ့ မတွေ့ရတောင်ကြာပြီလေ..”
“ဟုတ်လား..”
“အင်း…သူက မေ့နေပေမဲ့ဒီ ကမေ့ပါဘူး..နေ့တိုင်းလွမ်းတယ်..သူကတော့ စာမလာ ဖုန်းမဆက်နဲ့ နေနိုင်လိုက်တာ..”
ယာလေး သူငယ်ချင်းတွေ ဖြစ်မှာပါ..သူတို့ ပြောလည်း ပြောချင်စရာ ယာလေးတို့ ဘယ်တုန်းကမှ ဖုန်းမဆက်ဘူး..ပြောသမျှဖုန်းက အလုပ်ကိစ္စ ချည်း။
“အဲဒါ..သူလည်း..အလုပ်မအားလို့ပါ..”
“အလုပ်မအားလည်း..ဖုန်းလေးတော့ ဆက်သင့်တာပေါ့..ချစ်တယ် ကြိုက်တယ်ပြောပြီး ပစ်ချသွားတာ..ဟွန့် အခု ဟိုမှာ မိန်းမရနေပြီလေ..ယူထားတာလည်း..အသက်ကြီးကြီး အဖွားကြီးတဲ့..”
“ဟင်..”နှင်း..ဒေါသထွက်လိုက်တာ…ဒါ…ယာယာ ရှုပ်ထားတာတွေ..တောက်…ပြန်လာမှ တွေ့မယ်…။
“သူ မိန်းမကို  သိလား..”
“ယာယာ ပြန်လာတော့မှာပါ..”
“စတော်ဘယ်ရီ ေ၇ွးနေတာလား..ထပ်ရွေးလိုက်မယ်..”
“အင်း…”နှင်း..ပြောပြီး..ဆက်ရွေးနေပေမဲ့…ယာလေးက ဒီလို လူစားလား..မထင်ထားဘူး..
ဒေါသထွက်နေရင်း..စိတ်မကောင်းဖြစ်လာရသည်…။
နှင်းမှ မမေးမိတာ..ဒါဆို ယာလေးကို နှင်းက အမိန့် တစ်ခုနဲ့ ယူလိုက်မိတာလား…။
“ဟယ်..ယာယာ…ပြန်လာပြီလား..”
“အယ်..နန်းယု..”
“လွတ်…လွတ်အုံးလေ..ငါ..”
နန်းယု က တွေ့တာနဲ့ ပြေးပြီး လက်မောင်းကို ခို ထားတော့ ယာ လက်မောင်းနာလာသည်..။
“မ..စတော်ဘယ်ရီ ေ၇ွးနေတာလား…”
“အင်း..”
ယာလေးလက်ကိုချိတ်ပြီး အိမ်ထဲ ၀င်လိုက်လာတာ..ဘယ်လိုတွေလည်း..
“မ အတွက်..ယာ တို့ဟူးနွေး၀ယ်လာတယ်..”
“အယ်..ငါလည်း..စားမယ်..”
“မရဘူး..မ အတွက် သီးသန့်..”ယာ ပန်းကန် သွားယူပေမဲ့  အထုတ်ကို အောက်မချရဲ…
“ရဘူးဟယ်..”
ယာ ပန်းကန်ထဲ ထည့် ပြီး ပြေးထွက်လာခဲ့လိုက်သည်..။
နန်းယုက နောက်က ပြေးလိုက်လာလို့ ရှောင်ရင်း..
ပန်းကန်ကို မမ လက်ထဲ ထိုးထည့်ပေးလိုက်တော့. စောင်းပြီ့း..မ လက်ပေါ်နည်းနည်း.ဖိတ်ကျသွားသည်..။
“ယာယာ….”
မ ရဲ့ တင်းမာနေတဲ့ အကြည့်တစ်ခု ယာ ဆီ ရောက်လာသည်..။..ဘာမှားသွားတာလည်း…ယာ အပြေးအလွှားးစဉ်းစားမိပေမဲ့ အဖြေမရှိပါ…။
“ငါ မကြိုက်ဘူး.”
“မ အရင်က..”စကားမဆုံးခင်..မမ က အခန်းထဲ ၀င်သွားသည်..။
“ဟွန့်..မာနကြီးလိုက်တာ..နင်က ဘာလို့ အဲလောက်ဖြစ်နေတာလည်း..”
“ငါ ကို စဉ်းစားစမ်းပါဟယ်..”
“ဟဲ့..ယု..”ယာ အခန်းဘက်ကို မလုံမလဲ လှည့်ကြည့်ပြီး ယုမ ပါးစပ်ကို ပိတ်ထားမိသည်..။
“ဘာလည်း..နင် မိန်းမ  အဖွားကြီး ကန်ချလို့ ပြန်လာတာ မလား..”
“မဟုတ်ပါဘူး...မေ နေမကောင်းလို့ ..ခုန ၀င်သွားတာ ငါ့ မိန်းမ..”
“ဟမ်..သွားပြီ..”
“ဘာလည်း..နင်…နင်…ဘာတွေ မွေ လိုက်ပြန်ပလည်း..”
“ဟီး..နင် ငါကိုကြိုက်တယ်ပြောတာရယ်..နင်မိန်းမကို အဖွားကြီးဆွာရယ်..ပြောမိတာ..သူကလည်း..ဘာမှ မပြောပါဘူး..ဟ..”
ယာ ထိုင်ချလိုက်မိသည်…”ယုယု နင်ဟာလေ….”
“စတာပါဟာ..ကလေးတစ်ယောက်အမေပဲ ဖြစ်နေပြီ..နင်ကို ကြိုက်စရာလား..”
“အခုမမ စိတ်ဆိုးသွားပြီလေ..”
“မမရေ…ညီမက ကလေးတစ်ယောက် အမေ လင်ရှိမယားပါနော်…ယာ နဲ့လည်း သူငယ်ချင်းတွေပါပဲ…စောနက စလိုက်တာပါ.မမ အရမ်းလှတယ်...မမ ယောင်္ကျားကို လည်း မလုဘူးနော်.”
အသံဗြဲနဲ့ အော်နေတဲ့ ယုယု ကြောင့် ယာ ပိုပြီး ခေါင်းကြီးသွားသည်..။
“တော်ပီ..ရပီ..ယုယု ရပါပြီဆို…”
“သွားမယ်..ရန်ကုန်က ပြန်တာ လက်ဆောင်တောင် ပါဘူး..ငါ့မှာ တော့ သူ့ ကို လွမ်းလိုက်ရတာ..နေနိုင်သူကြီး..”
“ယုယု..နန်းယု..နင်..”
လျှာထုတ်ပြပြီး ထွက်ပြေးသွားပြီ..ယာယာ ကတော့ ..သက်ပြင်းချပြီး ကျန်ခဲ့ရသည်..။
.
နှင်း.ဒေါသထွက်နေတာ…ပြောတုန်းကဒေါသထွက်တာက တော်သေး အော်ဟစ်ပြီးပြောနေတာ..မမ ယောင်္ကျားကို မလုပါဘူးတဲ့..ဒီလို မိန်းကလေးချောချောလေးတွေနဲ့လည်း ယာ သိတာပဲလား..ပြီးတော့ နှင်းက.အား…
ရှက်ဖို့ကောင်းလိုက်တာ…
“မ…”
ယာ အခန်း ထဲ ၀င်တော့..မ က ခုံမှာ ထိုင်နေသည်..။
“မ..ဟို နန်းယု က “
“ငါ မေးလို့လား..”
“မမေးပါဘူး..ဒါပေမဲ့ မ စိတ်ဆိုးနေတယ်..”
“ဟုတ်တယ်..သိရင် ထပ်မပြောနဲ့ ငါ ဒေါသ မထွက်ချင်ဘူး ယာယာ..”
“မ အထင်လွဲမှာစိုး”
”တော်တော့..”
“နန်းယုနဲ့က ငယ်ငယ်ကတည်းက သူငယ်ချင်းပါပဲ..သူလည်း.မ ကို မသိလို့ဒီတိုင်းနောက်လိုက်တာပါ…မ မယုံရင်..”
“ဘာလည်း..လူတကာကို ခေါ်ပြီး ငါ့ သိက္ခာကိုချအုံးမလို့လား..”
“တော်ပြီ..မမေးတာ မပြောနဲ့ ရှင်းလည်း မပြနဲ့ ကြားလည်း မကြားချင်ဘူး…အခု မေ ဘယ်မှာလည်း..”
“ဦးလုံ တို့ အိမ်မှာ..”
“ငါသွားခေါ်ရမလား..”
“.မ ကို အရင် မုန့်လာပို့တာ..ယာ သွားခေါ်မှာပါ..”
“အဲဒါဆို..သွားတော့လေ..”
ယာ ထွက်လာပေမဲ့ မ စိတ်ဆိုးနေတုန်းပဲ ဆိုတာ သိပါသည်..
နန်းယုနဲ့ ငယ်ငယ် ကတည်းက ဒီလိုပဲ နေလာတာပါ..
မုန့်မှောက်ကျလို့ စိတ်ဆိုးတာလား..
နန်းယု ကြောင့် စိတ်ဆိုးတာလား..။
.
နှင်း မေ အိပ်တော့ မှအခန်းထဲ ၀င်လာလိုက်သည်..။
ယာလေး က နောက်က လိုက်၀င်လာခါ..
“မ ဘယ်မှာအိပ်မလည်း..”
“ဘာလည်း..”
တစ်နေ့ကုန် နှင်း မေ နဲ့ ပဲ စကားပြောနေလို့ အနားလိုက်ကပ်နေတာ သိသားပဲ.အခုလည် တမင် ခပ်ဆပ်ဆပ် အော်လိုက်တာ..။
“ဟို နေ့က အောက်မှာ ဆင်း အိပ် လို့ပါ..အောက်မှာ နွေးရင် အောက်မှာ ခင်းပေးမယ်လေ..”
“မသိဘူး..လုပ်ချင်သလိုလုပ်..”
မ က ပြောပြီး အခန်းပြင်ထွက်သွားတော့..
ယာ အခင်း အသစ်ကို ကုတင်ပေါ်ခင်းလိုက်သည်..။
ပိုနွေးအောင် စောင် နှစ်ထပ်ခင်းပြီး တင်လိုက်သည်..။
“မ ရပြီ..”
ယာ ထွက်လာပြီး ခေါ်တော့ မ က ဖုန်းပြောရင်း အခန်းထဲ ၀င်သွားပြန်ပြီ.ထပ်မပြောဖြစ်တော့…။
နှင်း..ကုတင်ပေါ်လဲအိပ်လိုက်ပြီး..အားလုံးကို ကျောခိုင်းလိုက်ခါ နံရံ ကို စူးစိုက်ကြည့်နေမိသည်..။
ညက သူ ဘာမှ ခြုံစရာမရှိပဲံဒီတိုင်း အောက်မှာ အိပ်နေတာ သနားလို့..
လက်ကို နေရာပြင်ပေးတော့ လည်း လက်တွေ အေးစက်နေတာ နဲ့ နှင်း စောင်တွေ ယူပြီး ခြုံပေးလိုက်တာ…
နှင်း ကုတင်ပေါ်ပြန်တက်အိပ်တော့ စောင်မရှိပဲ ဘယ်လိုမှ မအိပ်နိုင်ပါ…
အဲဒါကြောင့် သူဘေးမှ ၀င်လဲ ရင်း အိပ်ပျော်သွားတာ..
ဒါကို ယာယာ တို့ များ ထင်တက်လိုက်တာ..နှင်းက ပဲ နွေးတဲ့ နေရာ ရှာတိုးအိပ်သလိုလို..စေတနာကို စော်တကားနေတာ…
ဟွန့်..ဒီညတော့ မသနားဘူး..အိပ်ချင်သလိုအိပ်..စောင်မရှိရင် ပုဆိုးခြုံ အိပ်ပါစေ..လုံး၀  မထလာဘူး..။
ကြုံးဝါးထားတာ နှင်း..ဒါပေမဲ့ တကယ်နိုးလာတာလည်း နှင်းပါပဲ..
ည တစ်နာရီလောက်ကို အေးလာပြန်ပြီ..ဘယ်လို လုပ်ရပါ့မလည်း..
ယာလေးဘေး ၀င်တိုးရင်ကောင်းမလား..
“ကျွတ်..”
မအိပ်ဘူး..မာန ထိခိုက်တယ်..။
ကုတင်ပေါ် ပြန်လဲ အိပ်ရင်း..အိပ်မရပြန်ဘူး..
ယာလေးနဲ့ သွားအိပ်ဖို့ ဆင်းလာပေမဲ့ အိပ်ပျော်နေတဲ့ သူ့ဘေးနား ငုတ်တုတ်ထိုင်နေတာ ၂နာရီ ဖြစ်သွားပြီ..။
ဘေးမှာ တိုးအိပ်လို့ “မ ကုတင်ပေါ်မှာ မအိပ်ဘူးလား..ယာ သွားအိပ်မယ်ဆိုရင်..”
ဘယ်လိုတားမလည်း..နှင်းကပဲ သူနဲ့ အိပ်ချင်လို့ လိုက်ကပ်နေသလိုဖြစ်နေမလား..
“ရတယ်..မေ နဲ့ သွားအိပ်မယ်..”
နှင်း ကုတင်ပေါ်က စောင်တွေ ဆွဲချပြီး မေ အိပ်ယာပေါ်တက်အိပ်လိုက်သည်…။

မအတွက်Donde viven las historias. Descúbrelo ahora