<Unicode>
"hyung"
သိပ်ကိုလှပတဲ့စကားလုံးလေးတစ်ခု
သိပ်ကိုလှပတဲ့နာကျင်စရာအတိတ်လေးတစ်ခု
အရာအားလုံးပုံမှန်အတိုင်းလည်ပတ်နေပေမဲ့
ပုံမှန်မဖြစ်တော့သောအရာတွေဟာ ဒုနဲ့ဒေး
ဘာကိုမျှော်လင့်ပီးအသက်ရှင်နေတာလဲ
ပြောင်းလဲမရတော့တဲ့ကံကြမ္မာကြီးကို
နောက်ပြန်လှည့်မရတော့တဲ့အချိန်တွေကို
အရာအားလုံးဟာ ဖြစ်ချိန်တန်လို့ဖြစ်သွားခဲ့ပီးပီ
ဘယ်သုကိုမကျေနပ်လို့ဘယ်သုကိုအပြစ်တင်မှာလဲ
ဘယ်သုဘယ်သူရဲ့အမှားပါလို့ထောက်ပြမှာလဲ
ပြုပြင်မရတော့တဲ့အကြောင်းတရားတွေကြားနေသားကျနေခဲ့ပါပီ
အတိတ်ရဲ့လှပသည်ဟုမဆိုနိုင်သောအကြောင်းတရားများဆီသို့.......
ဒီနေ့
1.09.2016
ကျွန်တော့အသက်၁၆နှစ်ပြည့်တဲ့နေ့
တစ်နည်းအားဖြင့် ဟျောင်းနဲ့စတွေ့တဲ့နေ့
ကျွန်တော့နာမည် ဂျွန်ဂျောင်ကု
"သားလေး happy birthday"
"ကျေးဇူးပါမေမေ"
"ရော့ ဖေ့သားလေးအတွက်လက်ဆောင်"
"ဝါးးးး သားလိုချင်နေတဲ့အင်္ကျီပဲ ကျေးဇူးဖေဖေ"
အရာအားလုံးဟာပုံမှန်ပါပဲ
မွေးနေ့လေးမှာမိသားစုတစ်ခုပျော်ရွှင်စွာဖြတ်သန်းနေကြတယ် ဒါပါပဲ ဒါဟာဖြစ်ရိုးဖြစ်စဉ်တစ်ခုပါပဲ
တီးတောင်~~
"ဟာ ဂျီမင်!"
"ရော့ မင်းအတွက်မွေးနေ့လက်ဆောင်"
"ဟားး ငါ့သူငယ်ချင်းကချစ်ဖို့ကောင်းလိုက်တာကွာ"
"ငါတို့အပြင်သွားလည်မယ်ဆိုမင်းပဲ"
"အော် သားလေး ဂျီမင်ရောက်နေတာလား"
"ဟုတ်ကဲ့အန်တီ"
"သူငယ်ချင်းကိုအထဲခေါ်လေ"
"အပြင်ကိုမုန့်လိုက်ကျွေးမို့မေမေ"
"အေအေ လာ မုန့်ဖိုးလာယူ ဂျီမင်လေးစားချင်တာဝယ်ကျွေးလိုက်နော်"
"ဟုတ်ကဲ့မေမေ"
"ခဏလေးသားငယ် ညနေ၅နာရီမကျော်စေနဲ့အိမ်ပြန်လာရမယ်နော် ပိုက်ဆံမလောက်တော့ရင်ဖုန်းဆက်လိုက်ကြားလား လိုချင်တာတွေ့ရင်ဝယ်လိုက်နော် ဂရုစိုက်ပီးသွား လမ်းသေချာကြည့်ကူး"
