ကာရဇာစ် မျိုးနွယ်စုသည် ဟိုရှေးခေတ်ပဒေသာထဲက တည်ရှိလာတဲ့မျိုးနွယ်စုတစ်ခု
နောက်တစ်နည်း ပြောရရင်
ဖန်ဆင်းရှင် ရဲ့ ဖန်တီးမှုတွေထဲကမှ
အရက်စက်ဆုံး အကြမ်းတမ်းဆုံးအရာတစ်ခု
အိုမင်းမစွမ်းဖြစ်လာပြီး သေဆုံးဖို့ဖြစ်လာတဲ့အခါတိုင်း
လူသားတွေရဲ့ အရိုး အသား အရည် စသည်တို့ကို စုပ်ယူပြီး ထာဝရပြန်လည်ရှင်သန်နုပျိုလာနိုင်တဲ့ မကောင်းဆိုးဝါးနတ်မိစ္ဆာလူမျိုးစုတစ်စုဖြစ်တဲ့အတွက် သေဆုံးချိန် နီးလာတိုင်း စစ်ပွဲတွေဖန်တီးပြီး စစ်ပွဲအတွင်းသေသူများ၏ အသက်ငွေ့တွေစုပ်ယူပစ်ကြတဲ့ သူတို့ရဲ့မကောင်းမှု
တွေကို လူသားတွေကမခံနိုင်တဲ့အဆုံး ဖန်ဆင်းရှင်အားငိုယိုတိုင်တန်းကြတဲ့နောက် အဆုံးမှာ ဖန်ဆင်းရှင်လည်း သူတို့ရဲ့ရက်စက်မှုတွေကို မျက်ကွယ်မပြုနိုင်တော့ဘဲ နတ်ကွန်းပုံစံအဆောက်အဦတစ်ခုကို တည်ဆောက်ပေးကာ နတ်ကွန်းထဲဝင်သူမှအပ အခြားသူအား ဖမ်းစားခြင်း မပြုရဆိုပြီး ပိတ်ပစ်ခဲ့ပါတယ် သူတို့ရဲ့ရက်စက်ကြမ်းတမ်းမှုကို ကြောက်ရွံ့ထိတ်လန့်ကြတဲ့ လူသားတွေဟာလည်း သူတို့စီ လာပြီးပူဇော်ဖို့နေနေသာသာ
မိုင် ၁၀၀ ပတ်လည်အတွင်းပင် မကပ်ကြတဲ့အတွက် အဆုံးမှာ သူတို့မျိုးနွယ်စုဟာ ပျက်သုဉ်းပြီး
အသက်ရှင်ကျန်ရစ်သူ မရှိသလောက်နည်းပါးလာခဲ့ပါတယ်
နှစ်ကာလကြာညောင်းလာတဲ့အခါမှာ သူတို့နတ်ကွန်းကလည်းပျက်ဆီးပြီး
ကြောက်မက်စရာအဆောက်အဦတစ်ခုအဖြစ်သာကျန်ခဲ့ပါတော့သည်
KAMU SEDANG MEMBACA
Pandora
Misteri / Thrillerကြောက်မက်ဖွယ်ရာ မကောင်းဆိုးဝါးနတ်မိစ္ဆာမျိုးနွယ်စုတစ်ခု ဖန်ဆင်းရှင်ရဲ့ အမျက်သင့်ပြီး အပိတ်ခံရတဲ့နောက် ချစ်သူရဲ့အဖြစ်ဆိုးကိုလက်မခံနိုင်ဘဲ လိုက်လံစုံစမ်းရာမှ မမျှော်လင့်ဘဲဖွင့်မိလိုက်တဲ့ တံခါးတစ်ခု ကမ္ဘာကြီးကို အမှောင်တိုက်သွင်းမယ့် နတ်မိစ္ဆာမျိုးနွယ်စု...
