ချောက်ကမ်းပါးက မခုန်ချခင် ကျွန်တော်တွေးမိတယ်
မပိုင်ဆိုင်ရတဲ့ အရာတစ်ခုကို အတင်းဖက်တွဲနေရအောင်
မင်းရူးသွားပီလားလို့ 😪
ရူးတယ်ဆိုတဲ့ဒြပ်ပေါင်းတစ်ခုက အချစ်အတွက်ဖော်မြူလာ
ကိုမပေးစွမ်းနိုင်ဘူး နောက်ထပ် ဒြပ်ပေါင်းတစ်ခုကကူညီပေး
ရင်းဝင်ရောက်လာတယ် သတ်သေခြင်း တဲ့😔
သတ်သေလိုက်တော့ရော အကို့အချစ်ကို ပိုင်ဆိုင်ရမှာမဟုတ်
ဘူးတဲ့လား.....
ကျွန်တော်သိပါတယ် အကိုက အချစ်ကိုတန်ဖိုးမှမထားတတ်ဘဲ စိတ်ညစ်တိုင်းဆေးလိပ်တွေသောက်မိတယ် မှုတ်ထုတ်လိုက်တဲ့အခိုးအငွေ့တွေထဲ နာကျင်ခြင်းတွေ ပျောက်သွားမလားလို့
အကိုကတော့ မင်း ကျပ်ကျပ်သောက် သက်ဆိုးရှည်မာမဟုတ်ဘူးဆိုပီး ဆုံးမခဲ့ဖူးတယ် နော်
ကျွန်တော်မနှစ်သက်ပေမဲ့ အကိုကြိုက်တဲ့ ကော်ဖီခါးခါးတွေ
သောက်ဖြစ်ပါတယ် ကော်ဖီက အကို့ရဲ့ဥပေက္ခာတွေထက်စာရင် ပိုချိုတေလေ ..😞
ထိတွေ့ခွင့်မရှိလြဲဖစ်တယ် ထွေးပွေ့ခွင့်မရလဲဖြစ်တယ်
အရေးကြီးဆုံးက အကို့ကိုငေးကြည့်နေရဖို့ပဲ...
နောက်ဆုံး ကျွန်တော်မှားမှန်းသိပါပီ အကိုက အကိုသာ
မကောင်းတဲ့လမ်းမ ရောက်နေပါစေ ကျွန်တော့်ကိုတော့
ပန်းခင်းလမ်းတွေပဲလျှောက်စေချင်မှန်း.....
အခုချိန် ကျွန်တော့်ကို လာမဆုံးမတော့ဘူးလား သတ်မသေအောင်ရော မတားတော့ဘူးပေါ့...အကို ကျွန်တော်မှားတယ်လို့ ဝန်ခံပီးပီနော် ကျေးဇူးပြုပီးပြန်လာပေးပါ...
မင်းဘဝကိုမင်းပဲပိုင်ဆိုင်တယ် .....
ဟုတ်သားပဲ အကိုပြောခဲ့တဲ့စကားလေး ကျွန်တော့်ဘဝကိုကျွန်တော်ပိုင်တယ်ပဲ ထား အကို့ဘဝကိုရော အကိုဘာလို့ မပိုင်ဆိုင်ခဲ့တာလဲ ......
