Suicide - 2

22.9K 1.1K 12
                                    

ကြၽီ.....
အသံတစ်ခု...
" နိုးလာပီလား ကလေး "
စိတ်ထဲ၌သာ ရှိနေ၍ ပါးစပ်မှ တစ်ခွန်းလေး တောင် ထွက် မလာနိုင်ခဲ့...

အပြစ်လေ....
သိရဲ့သားနဲ့ ....."
.
.
.
.
အချစ်က နာကျင်မှု နဲ့ အစပျိုး ခဲ့တာပါ...

................................

Unicode

ကျွီ.....
ဟောင်းနွမ်း နေပီ ဖြစ်သော သံ တံခါး တစ်ချက်၏ ပွင့်ဟလာသော မြည်သံတစ်ခုဟာ
တိတ်ဆိတ်သော မြေအောက်ခန်း ထဲတွင် ပဲ့တင် သံတစ်ခု အလားးး
ကြောက်ရွံခြင်း တို့ဖြင့် ခန္ဓာကိုယ် တစ်ခုလုံး အေးစက်သွား ရပါတော့သည်....
အသံတစ်ခု...
" နိုးလာပီလား ကလေး "
ကျွန်တော့် ပြန် မဖြေနိုင်ပါ ကြောက်ရွံခြင်း
ကြောင့် ကျွန်တော့် စကား တို့သည်
စိတ််ထဲ၌သာ ရှိနေ၍ ပါးစပ်မှ တစ်ခွန်းလေး တောင် ထွက် မလာနိုင်ခဲ့...
ကျွန်တော့် ကြမ်းပြင်ကိုသာ ငေးကြည့်နေမိပါတော့သည်
ထိုအချိန်မှာဘဲ ကျွန်တော် ခေါင်းကနေ နာကျင်မှု ကို ခံစားလိုက်ရပါတော့သည်
ကျွန်တော် ဆံပင်ကို စောင့်ဆွဲကာ အပေါ်ကိုမော့ကြည်စေသောကြောင့် ကျွန်တော် ခေါင်းဟာ အနည်းငယ် အပေါ်သို့ မော့ သွားရပါ၏ ....
" ကလေး က ကိုယ့်ကို ဒေါသထွက် အောင် လုပ်နေတာလား ဟမ့်
ကိုယ့် စကား ပြောနေရင် ပြန်ပြောမှပေါ့...
စကား နားမထောင်တဲ့ ကလေးတွေ ကို မုန်းတယ်နော်..."
" တောင်းပန်ပါတယ် ကျွန်တော်ကို လွှတ်ပေးပါနော် အကို...
ကျွန်တော် အကို အပေါ် ဘာအမှားမှ မလုပ်ခဲ့ဖူးပါဘူး တောင်းပန်ပါတယ် ကျွန်တော် ကို လွှတ်ပေး ပါ နော် "

ကျွန်တော် ပြောရင်းနဲ့ မျက်ရည်တွေ ဟာ ကျွန်တော် ကိုယ့်တိုင် တောင် မသိလိုက်ခင်မှာဘဲ ကျဆင်း နေပါတော့သည်
ပျင်းထန်သော ရိုက်ချက် တစ်ခု မထင်မှတ်တဲ့ အချိန်မှာဘဲ ကျွန်တော် ပါးပေါ်သို့ ရောက်ရှိလာပါသည်
ကျွန်တော် ကြမ်းပြင်ပေါ်သို့ ပစ်လဲ သွားရပါတော့ သည်
နာကျင်မှု ကော ကြောက်ရွံ မှုကော ပေါင်းကာ ကျွန်တော် ခန္ဓာကိုယ် ဟာ တောင့်တင်း သွားခဲ့ရပါတယ်
တောင့်တင်း သန်မာလှသော လက်တစ်စုံ က ကျွန်တော် ကို ထစေပီး နံရံ နဲ့ မှီ လိုက်ပါသည်
ပီးတော့ နွေးထွေး ပီး နူးညံတဲ့ နှုတ်ခမ်းသား တစ်စုံ ဟာ ကျွန်တော် ရဲ့ နှုတ်ခမ်းပေါ်သို့ ကျရောက် လာပါတော့သည်
" မင်းမှာ အပြစ်ရှိတာပေါ့...
ကိုယ့် ကို မင်း ချစ်မိသွားအောင် လုပ်တဲ့
အပြစ်လေ....
နောက်တစ်ခါ ကိုယ့်အနားက
ထွက်သွားမယ်လို့ မပြောမိစေနဲ့...
ကိုယ့် မင်းကို ဘယ်လောက် ချစ်တာ
သိရဲ့သားနဲ့ ....."
.
.
.
.
အချစ်က ပျော်ရွှင် မှုနဲ့ စကြတယ်လို့ ပြောကြတယ်...
ဒါပေမဲ့ ကျွန်တော် အတွက် တော့...
အချစ်က နာကျင်မှု နဲ့ အစပျိူး ခဲ့တာပါ...

Suicide { Complete }Where stories live. Discover now