တစေၦကြီးအားထိန်းချုပ်ခြင်း

Start from the beginning
                                        

Mr.sayr..ကမှင်စားဖွားဖြစ်ပြီး...လူကောင်သေး
တာမို့
စားပွဲပေါ်တက်ရပ်ကာ...အခြေခံမှော်ပညာ
အားသင်ကြားပေးလျှက်ရှိတော့သည်။
ကျောင်းသူ/သားအားလုံး Mr.sayr ရဲ့
ဂါထာအားရေရွတ်သည့်အသံများ အခန်း
ထဲဆူညံလို့...

ရွန် နဲ့ ဟာမွန်နီ ကအမြဲကိုက်နေတတ်တာ
အခုလည်း..."လီဗီအိုးစာ"...နဲ့" လီဗီအိုစား..."
ခွဲခြား စကားများနေတာ...ဒါမဲ့ ဟာမွန်နီ
ဂါထာကိုကောင်းစွာရေရွတ်ရင်း အရှေ့က
ငှက်မွေးအားကောင်းစွာ လေပေါ်ဝဲပျံနိုင်စေခဲ့တယ်။

အမြဲတမ်းဂါထာကိုအမှားရွတ်ပြီး အလွဲဖြစ်သော
စီးမက် ဟာတော့ ငှက်တောင်မွေးမီးလောင်ပြီး
သူမျက်နှာတွင်လည်း မီးခိုတွေရိုက်တာ..မဲတူ
သွားတာပဲ။ကိုယ့်တို့ စလေသရင်းန်တစ်ဖွဲ့လုံး
ဟားပွဲကျရတော့သည်။

...

"လီဗီအိုးစာ....လီဗီအိုစား မဟုတ်ဘူး...
ဟ...ဟ...တကယ် ဂရင်းဂျာ သူမက
တတ်ယောင်ကားနိုင်လွန်းတာ..ဟ...ဟ
ဒါကြောင့် သူတစ်ယောက်တည်းအထီးကျန်
နေတာဒါပဲ။"

ရွန် စကားကိုအနောက်မှလိုက်လာတဲ့.ဟာမွန်နီ
ကြားသွားခဲ့တယ်။သူမစိတ်မကောင်းဖြစ်သွား
ဟန်တူသည်။အရင်က ဟယ်ရီတို့ကိုဆိုတွေ့
တဲ့နေရာခေါ်တာ။အခုသူမ ခေါင်းမဖော်ပဲ...
ကိုယ်တို့အရှေ့ကျော်တက်သွားတာ။

"ရွန်...မင့်ပြောတာ သူမကြားသွားပြီထင်တာ။"

ရွန် ဆိုသည့်အကောင်က ဂရင်းဂျာကိုဆို
အမြဲစနောက်ချင်နေတာ...မဟုတ်မခံ ဂရင်းဂျာ
နဲ့တော့...ဝေစလေကောင် ရွန် နဲ့အမြဲ
တကိုက်ကိုက်နဲ့ရယ်ပါ။

"ဟယ်ရီ"

အနောက်မှလာတဲ့အသံ...ထိုအသံပိုင်ရှင်
ကို ဟယ်ရီကြိုသိတယ် ။

"ရွန် မင့်တို့သွားနှင့်တော့ ငါလေ့ကျင့်ရေးဆင်း
ဦးမှာမို့လို့"

ကိုယ် ရွန် တို့နဲ့နှုတ်ဆက်ရင်း...အနောက်ကို
လှည့်ကြည့်တော့...ဒရေကိုက အုတ်တိုင်မှာ
ကျောမှီပြီး...ကိုယ်ကိုကြည့်နေတာ။အမြဲ
တမ်း ရွှေရောင်ဆံပင်ကို ပိပြားအောင်ပင့်သိမ်း
တင်ထားပြီ.. ဗီလိန်မျက်နှာအထားနဲ့...ဂုဏ်
သရေရှိလူကြီးမင်းလိုပဲနေတတ်တာ။အခုလည်း
ထိုသူဟာ...ပြာလဲ့သောမျက်ဝန်းတွေနဲ့
ကိုယ်အား ညို့ယူနေလေသလား။

Another Series I {Uni Code }Where stories live. Discover now