....
ပြိုင်ပွဲအတွက်...ဂရင်ဖင်ဒေါလ် အသင်းသားများ
အပြင်းအထန်လေ့ကျင့်နေကြတယ်။
ဒရေကို...ဟယ်ရီ အားရှာနေမိတယ်။
လုံးဝမတွေ့...ပထမအကြိမ်ပြိုင်ပွဲပြီးကတည်း
ကမတွေ့ရတာ...ဘယ်လောက်ကြာပြီလဲ။
နောက်တစ်ရက်ဆိုပဲ ဒုတိအကြိမ်ကစားပွဲ
စတော့မှာကို။
အင်းလေသူလေးလည်း အကြိတ်အနယ်လေ့ကျင့်
နေတော့မှာပဲ။
ကိုယ်..အရင်လိုပဲ ဘေးကဘော်ဒါတွေနဲ့
အလေလိုက်နေမိတယ်။
တစ်ခါတစ်ခါ အတိတ်မှာပျော်မွေ့ရင်း
ပစ္စုပ္ပန် မှာဖြစ်မဲ့အရာတွေအနည်းငယ်မေ့ချင်
လာပြီ။ဒီနေ့ညကစပြီး...ဒရေကို မှတ်စု
စာအုပ်လေးတစ်အုပ်ပြုလုပ်ခဲ့တယ်။
ကိုယ့်...နာမည်မပြောသင့်သော အကောင်ကြီး
လက်အောက်ခံဖြစ်ခဲ့ဖူးတယ်။နောက်ပြီး...
ကိုယ်စဉ်းစားမရတော့...တကယ်ပဲ ပစ္စုပ္ပန် အား
ကိုယ် လုံးလုံးကြီးမေ့သွားတော့မှာလား။
မေ့သွားခဲ့ရင် ဘယ်လိုလုပ်မလဲ...
ဒရေကို...ပစ္စုပ္ပန် ကဇနီးနဲ့ကလေးကိုလည်း
လုံးဝမေ့သွားခဲ့ပြီးဖြစ်သည်။ဒရေကို သိတဲ့အရာ
ဆိုလို့ ဟယ်ရီကိုမကောင်းမြင်တာရယ်၊ဗိုဒီမော့
ရဲ့လက်အောက်ခံဖြစ်ခဲ့တာရယ်။အဲဒါဘဲ
မှတ်မိတော့တာ။
ဒရေကို...ဗလာသောစာမျက်နှာပေါ်မှာတော့
နက်နက်နဲနဲအတွေးနဲ့ ထင်ထင်ရှားလေး
ရေးသားခဲ့တော့စာသားလေးကတော့
"ဟယ်ရီ...ကငါ့အပိုင်ပဲ။"
....... .... ......
ဒရေကို မနက်ရောက်တော့ မူလသောအခြေခံ
မှော်ပညာအတန်းတွင်...တွေ့ရပါပြီ...
အဟွန်း...ကြည့်ပါဦး။
ပါးဖောင်းဖောင်း ကအရင်ထက်ပိုပြီးဖောင်း
ထနေတာ။ကိုယ့်မှာ သူလေးလေ့ကျင့်ရလွန်း
ပြီးပိန်ချောင်နေပြီထင်ထားတာ။သူက...
ဖက်တီးဖြစ်မလိုလိုကြီးရယ်။
ကိုယ် မှာတော့အိပ်ရေးပျက်ချင်း
ကြောင့်ရယ် မျက်တွင်းတွေညိုလို့နေတာ။
"တို့ရဲ့မှော်ပညာထဲ....ပထမအခြေခံအဆင့်ထဲ
ပါဝင်တဲ့ ဝဲပျံချင်းကတော့....မင့်တို့ရဲ့ လက်ကောက်
ဝတ်ကို...နွဲ့လျစွာလှုပ်ရှားရမယ်။ပျော့ပျောင်းစွာ
ရွေ့လျားခြင်း။ဒါ ဂါထာလေးနဲ့ရွတ်မယ်။မင့်တို့ကဲ့
ဆေးကျိန်လုံးလေးကိုင်ရင်း...ပီပီသသလေး
ရွတ်မယ်နော်....ဝင်ဂါဒီယမ် လီဗီအိုးစာ...
ရွတ်ကြမယ်ဟုတ်"
YOU ARE READING
Another Series I {Uni Code }
Fantasyဟုတ်...ဟယ်ရီficလေးရေးချင်တာနဲ့ ဒရာကို နဲ့ ဟယ်ရီ bl fanfic လေးတစ်ပုဒ်ထရေးလိုက်ပြီ။ "ဟယ်ရီ...နင်ငါ့ကို မမေးချင်ဘူးလား... ဘာလို့ ငါ့ကိုပြိုက်ဖက်လို ရန်ချည်းစနေရသလဲ ဆိုပြီး မေးခွန်းမျိုး...နင် တစ်ကြိမ်တစ်ခါလောက် တော့ မေးခဲ့သင့်တာ။" ဒရက်ကိုဟာ...အတိတ်ကိုပ...
တစေၦကြီးအားထိန်းချုပ်ခြင်း
Start from the beginning
