ျမက်ခင်းစိမ်းပေါ်မှကောင်လေးနှစ်ဦး

Start from the beginning
                                        

"အ့ဒါဘာကြီးလဲ"

"ဘလက်ဂါ..လေ ဒီကောင်ကထိန်းရခက်တယ်"
အစ်ကို ဝုဒ်ပြောရင်း...ကိုယ့်ကိုလက်ညွန်ရင်း...
စကားဆက်တယ်... "ဒါပေမဲ့ မင့်ကရွှေဘောလုံး
ရှာသမားလေ။"

အစ်ကို ဝုဒ် ပြောပြီးတော့...သေတ္တာရဲ့ အဖုံးဖက်
မှာရှိတဲ့...အသင်းလေးသင်းပူးကပ်တံဆိတ်
လေးကို...တံခါးချပ်လိုဖွင့်ပြီး တစ်ခုသောအရာကို
ထုတ်ယူပြတယ်။ဒါကစနစ်တကျ ပြုလုပ်ထားတဲ့.
ရွှေဘောလုံးတစ်လုံးပဲ။

"ဒီပစ္စည်းလေးကိုဖမ်းရမှာဆိုတော့
မင့်အတွက်ငါနည်းနည်းစိတ်ပူမိတယ်။"

သူ ရွှေဘောလုံးလေးကို ယူရင်းထရပ်ကာ
ကိုယ့်ကို ရှင်းပြလာတာ။နောက်ပြီး...ထိုဘော်လုံး
လေးအားကိုယ့်ဆီသေချာပြလာတယ်။

"ရွှေဘောလုံးလေး..."

အစ်ကိုဝုဒ်...ကိုယ့်ကို...ရွှေဘောလုံးလေး
ပေးလာတော့...လှမ်းယူပြီး..

"ကျွန်တော်...ဒီဘောလုံးလေးကို သဘောကျ
တယ်"

"အခုတော့ကြိုက်နေပြီပေါ့" အစ်ကိုဝုဒ်
ပြောတယ်..."နေဦး ဒီဘောလုံးက သိပ်မြန်တာ
ကြောင့် တော်ရုံတန်ရုံ...ထင်ထင်ရှားရှား
မမြင်ရဘူး"

"ဒီဟာကို ကျွန်တော်ဘာလုပ်ရမလဲ"

ဟယ်ရီ ထိုဘောလုံးအား သေချာကြည့်ရင်း...မေးခွန်းထုတ်တော့။အစ်ကို ဝုဒ် ကစိတ်ရှည်စွာပဲ...

"မင်း ဖမ်းရမှာလေ တခြားအဖွဲ့ကရွှေဘောလုံး
ရှာသမားနဲ့ အပြိုင်ဖမ်းရမှာ..
မင့်ဖမ်းလိုက်နိုင်ပြီဆိုရင် ကစားပွဲလည်း
ပြီးပြီ..." အစ်ကို ဝုဒ် အသက်ပြင်းငင်ဆွဲ
ပြီးနောက်..."ပေါ်တာ ရေဒီဘောလုံး မင့်ဖမ်း
နိုင်တယ်ဆိုရင် ငါ့တို့ဂရင်ဖင်ဒေါလ်
နိုင်ပြီကွ"

ကိုယ် ဘောလုံးလေးအား...လက်ဖုဝါးပေါ်တင်
လိုက်မိတယ်။တခဏအကြာမှာတော့...ဘောလုံး
လေးထဲမှ တောင်ပံလေးနှစ်ခုထွက်ရှိလာတယ်။
တောင်ပံလေးတွေဟာ...လှုပ်ရှားရင်းဖြင့် လျင်မြန်
စွာဘဲ လေထဲဝံပျံတက်သွားတယ်။

"ဝေါင်း" ကိုယ်တော့ အံ့သြမှင်သက်လျှက်ပေါ့။

.....

Another Series I {Uni Code }Where stories live. Discover now