ဇာတ်ကောင် လေးဦး၏ခံစားချက်များ Zawgyi
1.6K 52 0
Wan yibo
ငါလေ ဝေ့ရင်းကို ချစ်ခဲ့တာ ဝေ့ရင်းအပြစ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ပါဘူး။
ဒါပေမဲ့ ငါ တွေးခဲ့တယ် ငါကို ချစ်မိလို့ သာ ဝေ့ရင်းက အန္တရယ်တေရင်ဆိုင်ခဲ့ရတာ ငါ့အပြစ်တေကြောင့်သာ
တစ်ခါတရံ ဝေ့ရင်း ငါ့ကို လက်လွှတ်လိုက်စေချင်မိတယ်။
ငါ မချစ်လို့ မဟုတ်ခဲ့ဘူး။
ဒီဒုက္ခတေကနေ ကိုယ်လွတ်ရုန်းပြီး ငါကို ထားခဲ့စေချင်တာ။
မင်းသာ လွတ်မြောက်ရင် ငါ ဖြေဆယ်နိုင်လိမ့်မယ်
ငါတို့တေ ဆက်လက်ချစ်နေခွင့်ရှိနေပေမယ့် တစ်ယောက်ကို တစ်ယောက် ဆက်ပြီး တွယ်ညိမနေသင့်တော့ဘူး။
ငါတို့အတူရှိနေခြင်းက အရမ်းအန္တရယ်များလိုပါ
ဒါပေမဲ့ ငါ့ဘဝမှာ မင်းတစ်ယောက်ထဲကိုပဲ ပြောဖူးတဲ့ စကားလုံးတစ်လုံးကို ငါထပ်ပြောမယ်
မင်းက ငါ့ရဲ့ တစ်ဦးတည်းသော အသဲပေါက်မတတ်ချစ်ရသူပါ။
..............,..................
ကျန်းချန်
တစ်ခါတစ်ရံမှာ အချစ်က အမှားတေကို ဖြစ်စေတတ်တယ်တဲ့။
ငါလေ မင်းအတွက်ဆို အသက်ကိုတောင် ပေးနိုင်တယ်။
ငါ အဲလောက်ထိချစ်ခဲ့မိတာပါ။
ငါလည်း အမှားတွေကို မကျူးလွန်ချင်ခဲ့သလို ငါ အဲလို ဖြစ်စေဖို့လည်း မရည်ရွယ်ပါဘူး ။
ငါလေ မင်းကို ချစ်ချင်ရုံလေး မင်းနဲ့ အတူရှိချင်ရုံလေးပါ။
မင်းကို ငါ့ရဲ့ ဘေးနားလေးမှာ ထားချင်ရုံလေး။
ညီအကို ချင်း ဒီလို ခံစားချက်ရှိနေတာ ငါ အမှားကြီး ကျူးလွန်နေမှန်း သိပါတယ်။
ဒါပေမဲ့ ထိန်းချုပ်မရတဲ့ စိတ်၊မင်းကို ချစ်လွန်းနဲ့ ငါ့နှလုံးသားကို ဥပေက္ခာမပြုနိုင်ခဲ့ဘူး။
ဘာလို့ဆို အသဲနင့်အောင် ချစ်ခဲ့မိလို့ပါ zhan zhan
...............................
Xiao zhan
ချစ်ခဲ့လားလို့ မမေးပါနဲ့ ချစ်သူ
ငါက မင်းကို အသက်ထက်ချစ်ရသူ နှလုံးသား တစ်ခုလုံး အရင်းအနှီးပြု ပြီးချစ်ရသူမို့ပါ။
အချစ်နဲ့သာဆို အရာရာကို ဖြတ်ကျော်နိုင်တယ်တဲ့ဖ။
ဘယ်လိုအခြေအနေမျိုးမဆို မင်းရဲ့ လက်ကို ဆုပ်ကိုင်ထားပေးမှာမို့ မင်းကတော့ ငါ့ရဲ့ လက်ကို လွှတ်ချဖို့ မကြိုးစားလိုက်ပါနဲ့
မင်းက ငါ့အတွက် တကယ့်ကို ချစ်ရတဲ့သူမို့ပါ
င့ါအတွက် မင်းက ဘာနဲ့မှ နှိုင်းယှဉ်လို့မရအောင် တန်ဖိုးကြီးမားသူမို့ပါ။
...........................
မိဖုရားခေါင်
အရှင်ကျွန်တော်မျိုးမရဲ့ အချစ်ကို ဥပေက္ခာ မပြုပါနဲ့။
အရှင့်ရဲ့ အဲ့ဒီ့အကောင်ကို တကယ်သတ်ပစ်ချင်တယ်။
သူလိုလူမျိုးက ကျွန်တော်မျိုးမထက်ဘယ်နေရာများသာနေလို့လဲ။
အရှင့်ကို ချစ်လွန်းတဲ့ အရှင့်မျက်နှာကို ကြည့်ပြီး အသက်ရှင်နေတဲ့ ကျွန်တော်မျိုးမ ကို ဘာ့ကြောင့် တစ်ချက်လေးတောင် လှည့်မကြည့်ရတာလဲ
တခြားနိုင်ငံက မင်းသမီးတစ်ပါးဖြစ်တဲ့ ကျွန်တော်မျိုးမ က အရှင်ရှိတဲ့အရပ်မှာ တစ်ယောက်တည်းလာနေခဲ့တာ ဘယ်လောက်အားငယ်နေမလဲဆိုတာ အရှင် ဘာကြောင့် မတွေးမိနိုင်ရတာလဲ။
အရှင် ဘာလို့ ကျွန်တော်မျိုးမ ရဲ့ အချစ်ကို မမြင်နိုင်ရတာလဲ။
အရှင့်ကိုလေ အရမ်းချစ်တာ
အရှင်ကို ကျွန်တော်မျိုးမ ရဲ့ ကမ္ဘာကြီးလို့သတ်မှတ်ခဲ့တာ အရှင် အဲဒါကို သိနိုင်ပါစေ
.....................