''နယော ကိုကို့ကိုချစ်တယ်''
''နယော! ! ''
နှလုံးသားထဲက စကားသံအား
နယော ဖွင့်ဟပြောမိချိန်၊
ကိုကို့ရဲ့ အထိတ်တလန့်အော်သံကြီးကြောင့်
နယော၏ ကိုယ်ငယ်လေးကတွန့်ခနဲ။
''အဲ့စကားကို ထပ်မပြောစမ်းနဲ့.. နယောသံ ''
သည်းခံနိုင်စွမ်းတို့ဟာ အဆုံးမှာတော့
ဒေါသတွေအဖြစ်နဲ့ အစားထိုးခဲ့ရပြီ။
တစ်နေ့တာလုံး ဧည့်သည်တွေရှေ့မှာ
အထူးသဖြင့်၊ မေမေ့ရဲ့ရှေ့မှာတော့
အတတ်နိုင်ဆုံး သူ့ရင်ထဲကဒေါသနှင့်
ရှက်ရွံ့မှုတို့အား သူ ဖုံးကွယ်ထားနိုင်ခဲ့သည်ဟု
Rain ထင်မိသည်။
ဒါပေမဲ့၊ ခုလို သူမနဲ့ နှစ်ယောက်တည်းပဲ
ရှိချိန်မှာကျ သူ့ရဲ့ဟန်ဆောင်မျက်နှာဖုံးအား
ဆွဲခွာချဖို့ရန် လုံလောက်ခဲ့လေပြီ။
နယောက ထိတ်လန့်နေသည့်ဟန်ကလေးနဲ့
သူ့ကို ကြည့်ကာ၊
''ကိုကို နယောကို အဲ့လိုမအော်ပါနဲ့လား ''
သူ့အကျီ အောက်နားစအား
ဆွဲကိုင်လို့ ပြောလာသည့် နယောရဲ့ပုံစံလေးက
ထိတ်လန့်နေသည့် ယုန်ငယ်လေးသဖွယ်။
အားနည်း၍ သနားစဖွယ်လေး..
Rain တခဏတော့ရပ်တန့်သွားမိပေမဲ့
ဆက်ပြောလာသည့် နယော၏စကားတို့မှာ
သူ့ဒေါသတို့ ပေါက်ကွဲထွက်မိတော့သည်။
''နယော အမှားလုပ်မိတာမှန်ပေမဲ့လေ
အဲ့ဒီ့အမှားက နယော ကိုကို့ကိုချစ်လွန်းလို့ပါ..
ကိုကို့ကို အဆုံးရှုံးမခံနိုင်လို့..''
''တိတ်စမ်းး နောက်ထပ်တစ်ခါထပ်ပြီး
ငါ့ရှေ့မှာ အဲ့ဒီ့ 'ချစ်တယ်'ဆိုတဲ့
ရွံစရာအသုံးအနှုန်းကြီးကို မသုံးစမ်းနဲ့...
ကြားရတာ နားကလော့ပြီး အော်ဂလီဆန်တယ်၊
မင်းမရှက်တတ်ဘူးလား နယောသံ
ဟမ်.. ပွဲကိုလာကြတဲ့သူတွေရဲ့အကြည့်တွေကို
မင်းမမြင်ဘူးလား
ငါတို့နှစ်ယောက်ကို ဂုဏ်ပြုပေးသလိုနဲ့
လှောင်ပြောင်နေကြတာကို မင်းမတွေ့ဘူးလား
မင်းကွာ ... တောက်!! ''
နာနာကျည်းကျည်း တက်ခေါက်သံနှင့်အတူ
ခါးခါးသီးသီးဆိုလာတဲ့
နယောရင်ခုန်ရပါသော ကိုကို့နှုတ်ခမ်းပါးတွေ၊
YOU ARE READING
နှလုံးသားရဲ့ဂီတ S-1 [Completed]
RomanceRain + နယောသံ Season 1 (Completed) Season 2 (1.4.2026)
![နှလုံးသားရဲ့ဂီတ S-1 [Completed]](https://img.wattpad.com/cover/205277495-64-k484841.jpg)