P(2)

9.4K 788 21
                                    

"ဟာ..ဗိုလ်ကြီး....ဗိုလ်ကြီးကျသွားပြီ....ဗိုလ်ကြီး.."

တပ်သား တစ်ယောက် အာပြဲကြီးနဲ့ အော်ပြီးပြောနေတာကို ရှောင်လု စိတ်မရှည်တော့ပဲ ထိုတပ်သားရဲ့ မျက်ခွက်ကိုအားရပါးရ ထိုးထည့်လိုက်ပြီး...

"ခွပ်.....အ..."

"ဆရာ ရှောင်လု ဘာဖြစ်လို့ထိုးတာလဲဗျ.. "

"မင်း ပြောနေပုံကို ပြန်ကြည့်အုံးလေ မသိရင်ဗိုလ်ကြီးက သေသွားတဲ့အတိုင်းပဲ ဒါကို ရန်သူတွေကြားသွားရင်ဘယ်လိုလုပ်မလဲ... ဒါတောင် မင်းကို ဒီ့ထက်ပိုထိုးချင်တာ... ကဲ...တပ်သားတွေ တောင်အောက်ကို ဆင်းကြမယ်... မကြာခင်မိုးလည်း လင်းတော့မှာဆိုတော့ စိတ်မပူကြပါနဲ့...ချောက်ကလည်း သိပ်မနက်ပါဘူး..."

"ရှောင်လု.."

"သြော် တပ်ကြပ်ဝမ်နင်း.."

"ဗိုလ်ကြီး...ဘာဖြစ်သွားတာလဲ...."

တပ်ကြပ်ကြီး ဝမ်နင်းကတော့ ဖြစ်စဉ်ကို ဘာမှမသိလိုက်...တစ်ဖက်ခြမ်းကို ကျသွားတဲ့ ဆရာဝန်နှစ်ယောက်ဖြစ်တဲ့ ကျန်းချန်နဲ့ ဖေးဖေးကို သွားခေါ်နေရတာကြောင့် ဖြစ်သည်။

"ဗိုလ်ကြီး တောင်အောက်ကို ဆရာဝန်တစ်ယောက်နဲ့အတူ ကျသွားလို့ တပ်ကြပ်ကြီး.."

"ဘာပြောတယ်...xiaozhan တောင်အောက်ကို ကျသွားတယ် ဒါဆို.."

ဖေးဖေး xzကိုစိတ်ပူပြီး စိတ်လှုပ်ရှားစွာနဲ့ ပြောဆိုနေတာကို ကျန်းချန် လက်လေးနဲ့ မသိမသာလေးတို့လိုက်တော့မှ သူ့စကားသူ ပြန်ထိန်းလိုက်သည်...။ အကြောင်းက သူ့ကို ဝိုင်းကြည့်နေသော ဝမ်နင်းတို့အဖွဲ့ ကြောင့်သာ... ခုနက တပ်သားလို အထိုးမခံရတာပဲ ကံကောင်းတယ်ပြောရမလိုပင်...

"..ဒါဆို ဘာရပ်လုပ်နေကြတာလဲ အမြန်သွားရှာကြမယ်လေ"

"ဟုတ်..ကျွန်တော်တို့လဲ သွားမလို့ ပြင်ဆင်နေကြတာပါ "

"ပါးစပ်ကပြောမနေနဲ့ ခုချက်ချင်းသွားမယ် ..မိုးလည်းလင်းတော့မှာဆိုတော့....ရန်သူအဖွဲ့လည်း နောက်ဆုတ်သွားလောက်ပါပြီ...ဒါပေမဲ့ ဒီအပေါ်မှာ အဖွဲ့တစ်ဖွဲ့ နေခဲ့လိုက်..."

ဝမ်နင်း ပြောပြောဆိုဆိုနဲ့ ကြိုးတစ်ချောင်းယူ သစ်ပင်တစ်ပင်မှာချည်လိုက်ပြီး ကျန်တဲ့ကြိုးစကို သူ့ခါးမှာ ချည်လိုက်သည် ။ သူစတင် လှုပ်ရှားတော့မှ ကျန်တဲ့သူတွေကလည်း ဝမ်နင်း နည်းအတိုင်းပဲ တဖြေးဖြေးနဲ့ တောင်အောက်ကိုဆင်းသွားခဲ့ကြသည်။

စစ်မြေပြင်မှ ချစ်တေးတစ်ပုဒ်Where stories live. Discover now