တစ်ယောက်မှလည်း မဖက်မလုပ်ကြ ။ မျက်နှာသေနဲ့ နေခဲ့ရုံလေးကို အဲ့လောက်ထိ လူချစ်လူခင် ပေါရသလား မင်းခန့်ဇေ ရာ ။
မလိုပါဘူး တစ်ယောက်မှမရှိလည်း ဒါပေမယ့် ထိုက်ထိုက်ရှိဖို့တော့ အရေးကြီးသည် ။

"ဝုန်း "

အသံကြားရာကြည့်လိုက်တော့ ညီမင်းယံတစ်ယောက် ခုံပေါ်တတ်ပြီး ဘာတွေကပ်နေလဲမသိ ။ မမှီမကမ်းနဲ့ ခုံပေါ်မှာ ခြေဖျားထောက်ပြီး ပြုတ်ကျလေခြင်း ။ ရုတ်တရက် ဘေးနားက ဖြတ်သွားသော လူရိပ် ။

"မင်းယံ ! "

သေချာပါသည် ဟိုစပ်စပ် ဒီစပ်စပ်နေရာတကာကိုပါသည့် ထိုက်ထိုက် ဆိုတဲ့ကောင် ။ အခွင့်ရတုန်းလက်ကို ဖမ်းဆွဲကာ နားနေခန်းထဲ ခေါ်လာခဲ့သည် ။
မတတ်နိုင် ညီမင်းယံပြုတ်ကျတာ ဖမ်းထားပေးတဲ့ ရှိန်း ဘာဆိုလား အဲ့တစ်ယောက်ရှိသည် ။

"ဟေ့ကောင် လွှတ်ဦး ဟိုမှာ မင်းယံ ဘာဖြစ်သွားလဲ မသိဘူး "
"မင်းစိတ်ထဲမှာ မင်းဂျူနီယာတွေဘဲ အရေးကြီးသလား ထိုက်ထိုက် "
"ဟာ ငါက စီနီယာလေ ကလေးတွေကို ဂရုစိုက်ရမှာပေါ့ "
"ဒါဆို ငါကရော မင်းဘာလို့ ငါ့ကို နည်းနည်းလေးမှ ဂရုမစိုက်ရတာလဲ ဟမ် ! မင်းစိတ်ထဲမှာ ငါက နည်းနည်းလေးတောင် အရေးမပါဘူးလား ရှင်မင်းထိုက် ! ငါဒီကို လာတာ ဘယ်သူ့ကြောင့်လဲ ငါမင်းကြောင့် တစ်ခါမှ မလုပ်ဖူးတာတွေ လုပ်နေတာတောင် မင်းက ငါ့ကို တစ်စက်ကလေးမှ အဖက်မလုပ်ဘူး "

ရုတ်တရက်ကြီးဆွဲခေါ်ခံရလို့ ကြောင်တောင်တောင်ဖြစ်နေရတဲ့အထဲ ဇေ က ဘာတွေဒေါသထွက်နေမှန်းမသိ ။
ကျွန်တော့်ကို လာအော်နေသည် ။

"ဟို ဇေ မင်းဘာတွေဖြစ် ... "

စကားတောင် ဆုံးအောင်မပြောလိုက်ရ ဝုန်းကနဲ နံရံကို ဆွဲကပ်ကာ ကျွန်တော့်ကို ချုပ်ထားသည့် ဇေ ကြောင့် လန့်ရသည် ။
ီဒီကောင်က စိတ်ပုံမှန်ဟုတ်ရဲ့လား မသိ ။

"ဝုန်း "
"အ ဘာလုပ်တာ....အု "

အတင်းရုန်းနေတဲ့ ထိုက်ထိုက်ကို လက်တွေ နံရံမှာ ဖိကပ်ထားကာ ချုပ်ထားလိုက်ပြီး ခေါင်းအနည်းငယ်ငုံ့ကာ နှုတ်ခမ်းတွေဆီ ဦးတည်လိုက်သည် ။ ကျွန်တော်မဟုတ်တဲ့ တခြားသူတွေနဲ့ ပျော်ပါးပြီး ပြုံးဖြီးနေတဲ့ ထိုကောင်လေး ပုံရိပ်က ကျွန်တော့်ကို သွေးပွက်ပွက်ဆူစေသည် ။

Opposite Where stories live. Discover now