Chapter - 241

19.3K 568 8
                                    

(Unicode)

🍂 Chapter - 241 🍂

"အရှင့်သား...ကျွန်တော်ဘာလို့ ဒီကမ္ဘာကနေ ထွက်မသွားချင်ရတာလဲဆိုတာကို သိလား"

"ဟင်...ဘာလို့လဲ"

"ဘာလို့လဲဆိုတော့....ကျွန်တော် ချစ်ရတဲ့သူက ဒီကမ္ဘာပေါ်မှာ ရှိနေသေးတယ်လေ"

"ကျွန်တော်ချစ်ရတဲ့သူက ရဲရင့်တယ်၊ မြင့်မြတ်တယ်၊ အရမ်းထူးခြားတဲ့သူ...သူက ကျွန်တော့် အသက်ကို ကယ်ခဲ့တယ်....ကျွန်တော်က သူ့ကို ကျွန်တော်ငယ်တဲ့အချိန်ထဲက အမြဲတမ်း မျှော်ကြည့်နေခဲ့ရတာ...ဒါပေမဲ့ အရာအားလုံးထက် သူနဲ့ အဆင့်အတန်းချင်းတူတဲ့သူ ဖြစ်ချင်တယ်... အဆင့်အတန်းချင်းတူပြီး သူ့ထက်အင်အားကြီးတဲ့သူ ... အင်အားကြီးအောင်လုပ်ပြီး သူ့တစ်ယောက်ထဲကိုပဲ ကာကွယ်ပေးချင်တယ် .... သူက ကျွန်တော့်ကို မမှတ်မိလောက်ပါဘူး ပြီးတော့ ကျွန်တော်တို့တွေက စကားတွေလည်းသိပ်အများကြီး မပြောဖြစ်ခဲ့ကြဘူးလေ... ဒီအတိုင်း ကျွန်တော် သူ့ကို ကာကွယ်ချင်တယ်..."

"အရှင့်သားရဲ့ အိပ်မက်က လူတွေကို ကယ်တင်ဖို့ဆိုရင်... ကျွန်တော့်ရဲ့ အိပ်မက်ကတော့ အရှင့်သားပါပဲ"

".....ဒါပေမဲ့....မလုပ်ပါနဲ့...အဲ့လိုသာဆိုရင်... မင်းဘယ်တော့မှ ငြိမ်းချမ်းစွာ အနားယူခွင့်ရမှာ မဟုတ်ဘူးလေ...."

"ဘယ်တော့မှ ငြိမ်းချမ်းစွာ အနားယူခွင့်မရဖို့ ကျွန်တော် ဆုတောင်းတယ်"

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ဘာလို့လဲဆိုတော့ ဟွားချန်လေး ငြိမ်းချမ်းစွာ အနားယူဖို့ထက် သူ့ကိုကိုရဲ့ ဘေးနားမှာရှိနေတာ၊ သူ့ကိုကိုကို အမြဲကာကွယ်ပေး ဂရုစိုက်ပေးနေတာက သူ့အတွက်ပိုပြီး အဓိပ္ပါယ်ရှိလို့ပါ။ ချစ်ရတဲ့သူရဲ့ဘေးမှာ အမြဲတမ်းရှိနေတာထက် ပိုပြီးသာလွန်တဲ့ အရာဆိုတာ မရှိတော့ဘူးလေ။
စန်းလန်အတွက်ကတော့ သူ့ကိုကိုကသာ စန်းလန်ရဲ့ဘဝကြီး စန်းလန်ရဲ့ အရာအားလုံးမို့လို့ပါ။
သူ့ကိုကိုထက် ဘယ်အရာကမှ အရေးမကြီးဘူးမို့လို့။

ကိုကို့အတွက်သာဆိုရင် ဘယ်နှခေါက်ပဲသေရ သေရ ဘယ်နှခေါက်ပဲ ပြန်ရှင်ပါစေ သူအမြဲတမ်း လုပ်နိုင်ပါတယ်။
အရိုးပြာလေးကို သူ့ကိုကိုရဲ့ နှလုံးသားနဲ့ အနီးကပ်ဆုံးနေရာလေးမှာပဲ ထားထားတာပဲကြည့်လေ...
အဲ့နေရာလေးက သူ့အတွက် အလုံခြုံဆုံးနေရာလေးမို့လို့။
အဲ့နေရာလေးသာ ပျက်စီးသွားခဲ့ရင် စန်းလန်လည်း ထပ်ပြီး အသက်မရှင်နိုင်တော့ပါဘူး။

အရာအားလုံးက ကိုကို့ကြောင့်ပဲ ဖြစ်တည်လာခဲ့တာပါ...

#Lillia

(

ZawGyi)

🍂 Chapter - 241 🍂


"ဟင်...ဘာလို့လဲ"






°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°



#Lillia

Heaven Official's Blessing (Romatic Moments) Myanmar TranslationWhere stories live. Discover now