အပိုင်း၇

9.3K 621 19
                                    

ရှောင်ကျန့်ရိပေါ်စာအုပ်လေးအားပိတ်လိုက်ပြီးကုတင်ပေါ်တွင်အိပ်နေသောရိပေါ်လက်ကလေးကိုကိုင်ကာ

'ငါတောင်းပန်ပါတယ်ငါ......ငါတကယ်မသိခဲ့လို့ပါငါ့ထက်မင်းပိုခံစားခဲ့ရတာကိုငါမသိခဲ့ဘူး'

ရှောင်ကျန့်မိမိလုပ်ရပ်တွေမှားနေတယ်ဆိုတာသိပေမယ့်ရိပေါ်အပေါ်ကိုခံစားချက်ရှိလားဆိုတော့ရှောင်ကျန့်ကိုယ်တိုင်လည်းမသိပေ

ဒါပေမယ့်ရှောင်ကျန့်သူအပေါ်အားနာမိတယ်အတိတ်ကရုံန်းမထွက်နိုင်ပဲရိပေါ်ကိုအပေါ်မှားယွင်းမိတယ်အခုချိန်မှရိပေါ်အပေါ်ခံစားချက်ပြောင်းလဲရင်တရားပါ့မလား

ရှောင်ကျန့်မိမိကိုယ်တိုင်ကကောရိပေါ်ပေးဆပ်သမျှချစ်သမျှကိုခံယူဖို့တိုက်တန်ရဲ့လား

မိမိနာကျင်ခဲ့တာကိုပဲတွေးခဲ့ပြီးမိမိထက်နာကျင်ခဲ့ရတဲ့ရိပေါ်အတွက်နားလည်းမပေးတဲ့အပြင်ရက်စက်မိတဲ့ငါကမင်းရဲ့ပေးဆပ်မှုတွေနဲ့ထိုက်တန်ရဲ့လား

ငါမှန်တယ်ထင်ပြီးမင်းကိုနာကျင်အောင်လုပ်မိတဲ့ငါ့ကိုမင်းဘာလို့မမုန်းနိုင်ရတာလဲရိပေါ်ရာ

ဆေးရုံအခန်းထဲမှာကုတင်ပေါ်မှာအိပ်ပျော်နေသောကောင်လေးလက်ကိုကိုင်ကာငေးကြည်းရင်းအတွေးများနေသောကောင်လေးတစ်ယောက်

'အင်း~~~'

'ရိပေါ်မင်းနိုးလာပြီလား'

'ကိုကို'

'မင်းသတိရပြီဆိုတော့ဆန်ပြုတ်သောက်ပြီးဆေးသောက်ဖို့လိုလိမ့်မယ်'

'ကိုကို့ကျွန်တော့်ကိုခေါ်လာတာလား'

'ငါမင်းကိုမခေါ်လာလို့ဘယ်ကောင်ကခေါ်လာမှာလဲမင်းမှာဦးနှောက်မရှိဘူးလားအေးနေရင်ထွက်သွားလေမင်းသေချင်နေတာလားမင်းကွာ'

ရှောင်ကျန့်ရိပေါ်ကိုကြည့်လိုက်သောအခါခေါင်းလေးငုံ့ကာတစ်စက်စက်တုန်နေသည်ကိုတွေ့လိုက်ရသည်

'ငိုမနေနဲ့တော့'
*မင်းငိုရင်ငါရင်တွေအရမ်းနာတယ်*

'ငါမင်းအတွက်ကြက်သားဆန်ပြုတ်ပြုတ်ထားတယ်စားလိုက်အစာမာတွေစားလို့မရသေးလိုဆနပြုတ်ပဲသောက်'

Now your turn(zawgyi and unicode)completeWhere stories live. Discover now