Topic-A [1]

4.7K 353 14
                                    

[Zawgyi]

" အခုလိုပူပြင်းနေတဲ့နွေရာသီရက်တစ်ရက်မှာ ရေခဲမုန့်လေးတစ်ခွက်နဲ့ အေးအေးဆေးဆေးနားနေသင့်တာကို
ငါ ဘာလို့ ကျောင်းကိုလာနေရသလဲလို့ တွေးနေမိကြ
မယ်ထင်တယ်...။ တစ်ချို့ကလည်း တဖြည်းဖြည်းနီး
ကပ်လာနေတဲ့ စာမေးပွဲအတွက် စိုးရိမ်စိတ်တွေများနေ
ကြမယ်ထင်ပါရဲ့...။ ဒါဆို...ကျောင်းကို ပျင်းရိရိလာ
နေကြရတဲ့သူတွေအတွက်ရော...စာမေးပွဲအတွက်
ရင်ခုန်နေကြတဲ့သူတွေအတွက်ရော...ပြီးတော့ အခြေ
အနေနှစ်ခုစလုံးနဲ့မသက်ဆိုင်တဲ့သူတွေအတွက်ရော...
သင့်တော်တဲ့သီချင်းလေးတစ်ပုဒ်ကို လွှင့်လိုက်ပါတော့
မယ်...။ ကျောင်းသူကျောင်းသားအားလုံးပဲ ပူအိုက်လှတဲ့ နွေရာသီရက်တစ်ရက်ကို ကောင်းမွန်စွာပဲ
ဖြတ်ကျော်ကြရအောင်လား... "

ကျောင်းအသံလွှင့်ရုံမှ လွှင့်ပျံလာသော စကားတို့နှင့်အတူ မရှေးမနှောင်းမှာပင် ကြားလိုက်ရ
သော သီချင်းတစ်ပုဒ်...။ ခေတ်နောက်ပြန်ဆွဲနေသော
သီချင်းကြောင့် အတန်းထဲကကျောင်းသူကျောင်းသား
တစ်ချို့ ကန့်ကွက်သလိုအသံတွေထွက်လာကြသည်။
တစ်ချို့ကျတော့လည်း စည်းချက်နှင့်အတူ ခေါင်းကို
ဟိုဒီလိုက်ယိမ်းနေလိုက်သေး၏...။

သီချင်းသံကြားကြားခြင်းကို စိတ်ပျက်သွားရသည့်
ကြားထဲ အတန်းထဲကအခြေအနေကြောင့် ပိုတောင်
စိတ်ပျက်သွားရသေးသည်။ ထို့ကြောင့် လည်ပင်းမှ
ဆွဲချိတ်ထားသော နားကြပ်တစ်ဖက်ကို နားထဲထိုးထည့်
ပစ်လိုက်တော့မှ နားထောင်နေကျသီချင်းတစ်ပုဒ်က
ခေတ်ဟောင်းတေးသီချင်းဆီမှ သူ့ကို ကယ်ဆယ်
သည်...။

" ဒါ...ငါတို့ကို သက်သက်စော်ကားတာပဲ... "

မကျေမနပ်စကားတစ်ခွန်းက သူ့နံဘေးဆီမှ အတိအလင်းကိုထွက်ပေါ်လာ၏...။ အချိန်မကြာသေး
သော နားကြပ်ကို ပြန်ဆွဲဖြုတ်လိုက်သည်။ သူ...သီချင်း
သံကြောင့်များ နံဘေးကတစ်ယောက်ပြောသံကို
မသဲမကွဲဖြစ်သွားလေသလား...။

" ဘာ...ဘာပြောလိုက်တယ် Dong Wang... "

အတန်းရှေ့ဆီကိုသာ ခပ်တည်တည်ကြည့်နေသော
မျက်ဝန်းတစ်စုံက သူ့ဆီ စက္ကန့်ပိုင်းလေးသာ ဖြတ်ခနဲ
ရောက်ရှိလာသည်။ ထို့နောက်...အတန်းရှေ့ဆီကို
ချက်ချင်းပြန်ရောက်သွား၏...။

[ • T O P I C - A • ]                                    CompletedWhere stories live. Discover now