သားကို နည်းနည်းမှမငဲ့ညှာဘူး နှလုံးသားမရှိတဲ့ကိုကို

ရှောင်းကျန့်​အနား မှာဆက်​​နေရင်​ အိပ်​​ပျော်​​တော့မှာမို့ အိမ်​​ရှေ့ခန်း ဘက်​ထွက်​လာမိတယ်

ခြံ​ရှေ့က ဝူး ခနဲမြည်​သံရှည်​ကြီးနဲ့အတူ
ဆိုင်​ကယ်​တစ်​စီး ထိုးရပ်​လာတယ်

ဘုရား​ရေ ​နောက်​ဆုံး​ပေါ်​လေး

ဝမ်​ရိ​ပေါ်မျက်​လုံး​တွေကအ​ရောင်​တစ်​လက်​လက်​နဲ့ မျက်​ရည်​​တောင်​ကျ​တော့မလို့ပဲ

ဘေ ဘီ​ လေး ​ဘေ ဘီ​ ​လေး !

ပြိုင်​ပွဲ​တွေမှာ သုံး​လေ့ရှိတဲ့ဆိုင်​ကယ်​ ကိုမှဝမ်​ရိ​ပေါ် တအားလိုချင်​​နေတဲ့ ​နောက်​ဆုံး​ပေါ် အစိမ်း​ရောင်​​လေး

"ကျိုးချန်​ မင်းဘယ်​ကရတာလဲ ?"

ကျိုးချန်​က ဆိုင်​ကယ်​ဖက်​ပြီး ငို​တော့မလိုဖြစ်​​နေတဲ့ဝမ်​ရိ​ပေါ်ဖင်​​ကို​ခြေ​ထောက်​နဲ့
ပိတ်​ကန်​ပစ်​တယ်

"ဝယ်​လာတာ​ပေါ့ "

"အီးဟီးဟီး သား​ ကျမဝယ်​နိုင်​ဘူး "

"​တော်​တိတ်​စမ်းပါ ကျက်​သ​ရေတုံးတယ်​ "

ရှောင်းကျန့်​ကဆူဆူညံညံအသံကြားလို့ထင်​ သည်​ ခြံထဲလိုက်​ဆင်းလာသည်
ဝမ်​ရိ​ပေါ်ကိုတစ်​ချက်​ငုံ့ ကြည့်​ပြီး ကျိုးချန်​နဲ့ လက်​သီးချင်းတိုက်​နှုတ်​ဆက်​ ​​နေ​သေးတယ်

"​ကျေးဇူးပဲကွာ "

"ကိစ္စမရှိပါဘူးဗျာ "

ရှောင်းကျန့်​မှာကျိုးချန်​ကို​ကျေးဇူးတင်​စရာကိစ္စ ဆိုတာရှိနိုင်​လို့လား

"ဒါကဘာဖြစ်​​နေတာလဲ?"

ကျိုးချန်​က  လက်​နှစ်​ဖယ်​​မြှောက်​ပြပြီး ပုခုံးတွန့်​ပြတယ်
ရှောင်းကျန့်​ က ဝမ်​ရိ​ပေါ်ကိုလက်​ကမ်း​ပေး​တော့ ဝမ်​ရိ​ပေါ်က​ပေးလာတဲ့လက်​ကို ဆွဲပြီး ထိုင်​​နေရာက မတ်​တပ်​ထရပ်​တယ်

"ဒါ မင်းအတွက်​လက်​​ဆောင်​ပဲဝမ်​ရိ​ပေါ် "

"လက်​​ဆောင်​ ?!"

Everlasting Where stories live. Discover now