ဝမ်ရိပေါ်မျက်နှာနေထိုးနေတာနဲ့ သေချာမမြင်ရ သောကြောင့် မတ်တတ်ရပ်လိုက်သည်
ဝမ်ရိပေါ်ထက် အရပ်ရှည်ပြီး အသက်က ဝမ်ရိပေါ် ထက်ကြီးပုံရတဲ့ လူငယ်လေးတစ်ယောက် က ဝမ်ရိပေါ်ကို လှိုက်လှိုက်လှဲလှဲ ပြုံးပြနေတယ်
မျက်ခုံးနက်နက် နှာတံစင်းစင်းနဲ့ ထူးထူးခြားခြား လှလွန်းနေတဲ့ မျက်ဝန်းတစ်စုံ ဟာ အေးချမ်းတည်ငြိမ် ခြင်းပုံရိပ်ကိုဆောင်တယ်
နှုတ်ခမ်း နှစ်လွှာ စိလျက်ပြုံးပြနေတဲ့အပြုံး အောက်မှာမှည့်နက်ကလေးက ပါ ရိပေါ်ကိုပြုံးပြနေသလိုပဲ
ပါးရိုးနှစ်ဖက် ကချောင်ကျနေပေမဲ့ ထိုလူငယ်၏ မျက်နှာကို ပိုပြီး perfect ဖြစ်အောင်ကူညီပေးနေသေးသည်အကျီ င်္အဖြူရောင် တီရှပ်လက်ရှည်ကို လက်တစ်တောင်ထိခေါက်တင်ထားပြီး ဂျင်းပြာရောင်ဘောင်းဘီလေးရဲ့အထဲကိုထည့်ဝတ်ထားတဲ့ ပုံစံလေးက အတော်လေး သပ်သပ်ရပ်ရပ် နဲ့ကြည့်ကောင်းလွန်းနေသေးတယ်
တိမ်တိုက်အဖြူရောင်တစ်ခု ဝမ်ရိပေါ် ခေါင်းပေါ်ရောက်လာသလိုပဲ
သိပ်လှတာပဲလို့တွေးနေမိလျက်နဲ့တောင် ဝမ်ရိပေါ်မျက်နှာက မှုန်တေတေ ပါပဲ
ကျိုးချန်က မျက်လုံးပြူးမျက်ဆံပြူးနဲ့ မေးတယ်
"လာနောက်နေတာလား?"အစောပိုင်းက စိထားတဲ့နှုတ်ခမ်းနှစ်လွှာဟာ ပွင့်ဟလာပြီး အပေါ် သွားလေးတွေပေါ်လာတဲ့အထိ ရယ်နေတယ်
"ဟား ဟား နောက်နေတယ်ထင်လို့လားဗျာ "
ဝမ်ရိပေါ်ရဲ့လက်နှစ်ဘက်က ခပ်ပွပွ ဘောင်းဘီအိတ်ထဲ ထည့်ထားတုန်းပဲ
ကျိုးချန်ကတော့ကမ္ဘာပျက်နေပြီ
"ယောကျာ်း အချင်းချင်းကြီးဒီလိုစိတ်တွေထားနေရလား ခင်ဗျားကြည့်တော့လည်း အသက်ကလေး ငယ်ပါသေးတယ်"
ကျိုးချန်ကပေါကားတွေထဲကလို အသက်ကြီးကြီးဗိုက်ရွှဲရွှဲ နဲ့လူကြီးတစ်ယောက်ရောက်လာမှပဲ ယုတ္တိ ရှိမယ်လို့တွေးထားသလိုပဲ
![](https://img.wattpad.com/cover/202867566-288-k670862.jpg)
YOU ARE READING
Everlasting
FanfictionWang Yibo 💜Xiao Zhan ချစ်ခြင်းမေတ္တာ ဟာ စကားလုံးတွေထက်ပိုလေးနက်ကြောင်း..... Unicode ချစ်ခြင်းမေတ္တာ ဟာ စကားလုံးတွေထက်ပိုလေးနက်ကြောင်း.....