1 (Zawgyi)
မြစ်ကမ်းတစ်ခုရဲ့နံဘေး တံတားကြီးတစ်စင်းရဲ့အောက်၌ ပြိုင်ကားအနီလေးတစ်စီးဟာ ဦးခေါင်းစိုက်ထိုးရပ်ထားသည် ။ ဂျင်းပန်အနက် Hoodie အနက်ကိုတွဲဖက်ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ဦးကတော့ ထိုပြိုင်ကားကိုကျောမှီရပ်ကာ စီးကရက်တစ်လိပ်ကိုမီးညှိနေသည် ။ ထို့နောက် ရေပြင်အောက်သို့နစ်မြုပ်လုဆဲဆဲနေလုံးကြီးကို သူမဟာ ငေးမောကြည့်ရင်း စီးကရက်ကိုတစ်ရှိုက်ချင်းစီ ရှိုက်ဖွာလို့နေသည် ။ သူမမျှော်လင့်စောင့်စားနေတဲ့လူက ယခုထိပေါ်မလာသေးတော့ သူမရဲ့စိတ်ရိုင်းတွေက ပိုမိုထကြွလို့လာလေပြီ ။ လက်ပတ်နာရီကို သူမငုံ့ကြည့်လိုက်တော့ အချိန်က ညနေ ၆ နာရီပင်ထိုးနေပြီဖြစ်သည် ။ နေလုံးကြီးကလဲ တစ်စထက်တစ်စ တိမ်မြုပ်သွားပြီး အမှောင်ထုက ကြီးစိုးလာ၏ ။ ဒါ့အပြင် ဆောင်းရဲ့မြောက်လေအေးတို့ကလဲ ပိုမိုတိုက်ခတ်လို့လာချေပြီ ။
၁၀ မိနစ်လောက်နေတော့ သူမရှိနေသည့်နေရာသို့ ရင်ဖုံးလက်တိုအဝါ ၊ အနက်ခံပေါ်အဝါပွင့်လေးတွေဖောက်ထားသည့်ထဘီလေးဖြင့် မြန်မာဆန်ဆန်ဝတ်စားထားသည့် မိန်းမပျိုတစ်ဦးရောက်ရှိလို့လာလေသည် ။ ခါးစောင်းလောက်အထိရှည်လျားပြီး လေထဲတလွင့်လွင့်ပျံ့ဝဲနေတဲ့ ဆံနွယ်တွေဟာ သူမရဲ့ မဟာဆန်သည့်အလှကိုပိုလို့ အားဖြည့်ပေးနေပါသည် ။
" တော်သေးတာပေါ့ .... ဖြိုး က မမစိမ်း မလာတော့ဘူးတောင်ထင်နေတာ ... "
စီးကရက်ကိုရှိုက်ရင်း သူပြောလိုက်စဉ် သူ့ဘေးနားမှာလာရပ်တဲ့ စိမ်း ဆိုသည့်မိန်းမပျိုဟာ ပိုင်စိုးပိုင်နင်းဖြင့် သူမရဲ့နှုတ်ခမ်းမှာတေ့ထားတဲ့ စီးကရက်အား လက်ဖြင့်ဇတ်ခနဲဆွဲယူကာ မြေပြင်ပေါ်သို့ပစ်ချလိုက်ပြီး သူ့ရဲ့သြကတီပါဖိနပ်လေးဖြင့်နင်းချေပစ်နေသည် ။
" ဒီစီးကရက်တွေမသောက်ပါနဲ့လို့ မမ ဘယ်နှခါပြောရမလဲ ဖြိုး ... မင်းက မမရဲ့စကားတွေကို ဟိုအရင်ကလို အလေးအနက်မထားတော့တာလား ... "
မြင်သူတကာရင်ထဲ အေးချမ်းလောက်စေသည့် အလှကိုပိုင်ဆိုင်ထားသူ 'စိမ်းယမုံခင်' ဆိုသည့်မိန်းမပြောတဲ့စကားတစ်ခွန်းကြောင့် ဟန်နီဖြိုး ဆိုသည့်သူမဟာ ဟက်ခနဲတစ်ချက်ရယ်လိုက်မိသည် ။
YOU ARE READING
Dark Side Of Love
Humorချစ်လွန်းအားကြီးလို့ သူများလက်ထဲအပါမခံပဲ ကိုယ့်လက်ထဲပဲ ဖမ်းသိမ်းထားတာ အရမ်းအတ္တကြီးသွားခဲ့မိသလား ? ချစ်လွန်းအားကြီးလို့ သူများလက်ထဲအပါမခံပဲ ကိုယ့်လက်ထဲပဲ ဖမ်းသိမ်းထားတာ အရမ်းအတ္တကြီးသွားခဲ့မိသလား ? #Psycho #Dark_Side #Love #Drama #Kidnap (Zawgyi...