အပိုင်း (၅၄)

Comenzar desde el principio
                                    

"အစ်ကိုကျောင်း…"

"အင်း… ဘာပြောမလို့လဲ ကွမ်းချီ…"

"ကျနော်တို့ မင်းကြီးနဲ့ တွေ့ပြီးရင် မြို့ထဲခဏ သွားရအောင်လေ…"

"အထူးအဆန်းပါလား ကွမ်းချီရ…"

"အန်းဖိန်မြို့က ဒီလောက်နာမည်ကြီးတာ… ရောက်လာမှတော့ ကျနော်တို့ တစ်ခါလောက် မကြည့်သင့်ပေဘူးလား…"

"အဟားဟား… သွားကြတာပေါ့… သူတို့လိုက်ပို့ချင် လိုက်ပို့မယ်ထင်တယ်…"

"ဒါဆိုလည်း သတိထားရတာပေါ့ဗျာ…"

အဓိပ္ပာယ်အချို့ပျော်ဝင်နေသော မျက်လုံးနှစ်စုံသည် တစ်ခါမျှဆုံလိုက်ယုံဖြင့် ဘာကိုဆိုလိုသည်ကို အလိုလို သိကြသည်။ သိပ်မကြာခင် အခေါ်တော် ရောက်လာသည်မို့ စကားကိုဖြတ်ကာ တိတ်တဆိတ်သာ လိုက်သွားကြသည်။
---------------------------------------------------------


သွေးအလိမ်းလိမ်းဖြစ်နေသော ခန္ဓာကိုယ်ကို အနိုင်နိုင်သယ်ရင်း မို့ရန် ထရပ်သည်။ ဒါက နောက်ဆုံးပဲဟု စိတ်ထဲတွင် ရေရွတ်ရင်း သစ်သားဓါးကို မြေပြင်ကိုထောက် အားပြုရင်းကနေ အရှေ့တွင် ရပ်နေသည့် လူကို ကြည့်သည်။ အနီရောင်လှိုင်းအချို့ သူမမျက်လုံးထဲ ဖြတ်ကနဲ ဝေ့ဝိုက်သွားသည်။ လက်ကလည်း ဓါးကို အလိုလိုဝင့်ကာ စိတ်အလိုအတိုင်း လှုပ်ရှားသည်။ ကွင်းပြင်ပတ်ပတ်လည် ရပ်ကာ အားပေးနေသော စစ်သည်တို့ အသံပင် မထွက်နိုင်။ သူတို့မျက်လုံးကိုလည်း မယုံသလို ပွတ်ကြည့်သူလည်း ပွတ်ကြည့်သည်။ ဟုတ်နိုင်ပါ့မလားဟု အချင်းချင်းမေးကာ အတည်ပြုနေကြသူလည်း ရှိသည်။ လွန်ခဲ့သော နာရီဝက်က လည်ပင်းဖြတ်ခံရနီးနီး ရှုံးနေသော စစ်သည်လေးက အဆင့်(၅) စစ်သည်တွေကို ဘယ်လိုလုပ်ပြီး မျက်တစ်မှိတ်အတွင်း နိုင်သွားရသလဲ။ မယုံနိုင်သော်လည်း သူတို့ရှေ့မြင်ကွင်းတွင် ထိုအားနည်းလွန်းသော စစ်သည်လေးက နောက်ဆုံးကျန်ရှိနေသည့် အဆင့်(၅) စစ်သည်တစ်ဦး၏ နှလုံးရှိရာကို ဓါးထောက်ထားပြီးချေပြီ။

"အနိုင်ရတယ်…."

အနီရောင်အလံ မြောက်တက်သွားချိန်တွင် သူမ သစ်သားဓါးကို ပြန်ချကာ သူမရှေ့ရှိ စစ်သည်အား အရိုအသေပေးပြီး ခဏလေးအတွင်းမှာ မြေပြင်သို့ လဲကျသွားသည်။

"ရိန်း…… မင်း…. သတိထားစမ်း…."

လက်ထောက်ဝူ ကွင်းပြင်ထဲ အပြေးဝင်လာကာ မို့ရန်ကို ထူမသည်။ ပျော့ခွေနေသော သူမသည် ဘာမှမသိ၊ မကြားတော့။ လက်ထောက်ဝူက သူမကို ပွေ့ချီလာပြီး သူ၏ တဲစခန်းသို့ ချီမသွားသည်။ တဆက်တည်းမှာပင် စစ်သည်ငယ်တစ်ဦးအား သမားတော်ကို အပြေးအလွှားခေါ်ခိုင်းသည်။ သူ သူမကို ယပ်ခပ်ပေးနေရင်း သူမများ ရေဆာနေမလား တွေးမိသည်။ ရေတကောင်းထဲကရေအနည်းငယ်ကို ခွက်ထဲငှဲ့ယူလာပြီး သူမနှုတ်ခမ်းနားသို့ကပ်ကာ အာဆွတ်ယုံလောက်လေး ဖြည်းဖြည်းချင်း လောင်းချသည်။ ခဏနေတော့ မျက်လုံးတို့ ဖြည်းညင်းစွာ ပွင့်လာသည်။

ကြင်ယာတော် "မို့ရန်"Donde viven las historias. Descúbrelo ahora