"အရှင်မင်းကြီး… ဘာအကြောင်းကြောင့် ကြွလာရပါသလဲ…"
"နန်းတော်ထဲမှာ နေရတာ နည်းနည်း ငြီးငွေ့လာလို့… မင်းဆီ မရောက်တာ ကြာပြီဆိုတော့ ဒီအတိုင်း လာခဲ့တာပဲ… မင်းက ကိုယ်တော့်ဆီ မလာတော့ ကိုယ်တော်က မင်းဆီ ကြွရတာပေါ့…"
ဟွာရှန့် နှုတ်ခမ်းဘေးလေး တွန့်သည်ဆိုရုံမျှ ပြုံးလိုက်ကာ
"နန်းတော်ဆီ တစ်ခါပြန်လာခဲ့ပါဦးမယ် မင်းကြီး…"
ထို့နောက် မင်းကြီးကို ခြံဝန်းအနှံ့ လိုက်လံပြသသည်။ လေ့ကျင့်ကွင်း၊ ခံတပ်နေရာ၊ စစ်ရေးပြနေရာတို့ကိုပါ ပြသပြီး နေ့လည်စာ စားသောက်ပြီးနောက် အရှင်မင်းကြီးက နန်းတော်သို့ ပြန်ကြွသွားသည်။
"ရှီကျောင်း…"
"အမိန့်ရှိပါ… မင်းကြီး…"
"မင်း… ဘာတွေ့ခဲ့လဲ…."
"မူမမှန်တာ ဘာမှ မတွေ့ပါဘူး… ဒါပေမယ့်… မီးငှက်ရဲ့ အငွေ့အသက်တွေက အဲဒီမှာ ရှိခဲ့ပုံ ရပါတယ်…"
"မင်းလွှတ်ထားတဲ့… မိန်းကလေးရော…"
"သူ လှုပ်ရှားနေပါတယ်… ကျနော်သူနဲ့ ဆက်သွယ်ပြီးပါပြီ… နဂါးလက်စွပ်ကိုလည်း ဂူသင်္ချိုင်းမှာ ရှာပြီးပါပြီ…"
"အဖြေက ဘာလဲ…"
"ရှာမတွေ့ပါဘူး… အရှင်မင်းကြီး… ခွင့်လွှတ်တော်မူပါ…"
"မြန်မြန်ရှာတွေ့အောင်လုပ်… လက်စွပ်ကိုရရင် မင်းကို အမတ်ချုပ်ရာထူးပေးမယ်…"
"အရှင်မင်းကြီး စောင်မပေးမှုကို ကျေးဇူးတင်ပါတယ်… ကျနော်မျိုး ရအောင် ရှာပေးပါ့မယ်…"
နတ်ဆရာရှီကျောင်း သူ့စိတ်ထဲတွင် ဇဝေဇဝါ ဖြစ်နေသည်။ မဟူရာသလင်းကျောက်က သူ့ကို အချက်ပြသည်ကို သူသေချာမြင်လိုက်သည်။ မီးငှက်နိုးထလာသည့် လက္ခဏာတို့ကို တွေ့ရသည်။ ရှာသော်လည်း မတွေ့ချေ။ သူ ပြန်အသက်သွင်းထားသည့် မိန်းကလေးက မီးငှက်ဝိဥာည် ရှိနေသည်မို့ သူမပဲလားဟု သံသယရှိသော်လည်း သူမ သူ့ဆီ သတင်းပို့စဉ်အခါတုန်းက မီးငှက်နိုးထထားသည့် အရိပ်အယောင်တောင် မတွေ့။ သူ တွေးလေလေ ပိုပြီးရှုပ်ထွေးလာသည်ဟု ခံစားရသည်။
------------------------
ကွမ်းချီ ကုန်ပစ္စည်းတင်ထားသည့် လှည်းများကို သေချာစစ်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ တဆက်တည်းမှာပင် စားပွဲပေါ်တင်ထားသည့် စာချုပ်ကို သိမ်းယူသည်။ ထို့နောက် လှည်းတစ်စီးပေါ်တက်ကာ
"ထွက်ခွာမယ်…"
သူ့စကားဆုံးသည်နှင့် လှည်းမှူးတစ်ဦးက အော်ပြီးအမိန့်ပေးသံအဆုံး ကုန်လှည်းတို့ တရွေ့ရွေ့ဖြင့် ထွက်ခွာသွားသည်။ လှည်းတို့သည် တစ်ဖက်နယ်စပ်မြို့အထိတိုင် ခရီးဆက်ပြီး တစ်ညတာ နားကာ အန်းဖိန်မြို့ထိတိုင် မနားဘဲ တောက်လျှောက် ခရီးနှင်လာကြသည်။ မြို့တော်ဆီရောက်သည်နှင့် နန်းတော်ရှိရာသို့ တန်းမတ်စွာ ဝင်သွားကြသည်။ အစစ်ဆေးခံပြီးနောက် အမွှေးတိုင်တစ်ဝက်ကျိုးခါနီးအချိန်မျှ စောင့်ပြီး သတ်မှတ်ထားပေးသည့် တည်းခိုဆောင်တွင် အားလုံးခဏမျှ အနားယူသည်။ ပြင်ဆင်ပြီးသည်နှင့် မင်းကြီးနှင့်တွေ့ရန် အခေါ်တော် ရောက်လာမည့်အချိန်ကို စောင့်နေရင်း ကွမ်းချီ စကားစသည်။
YOU ARE READING
ကြင်ယာတော် "မို့ရန်"
Historical Fictionအချိန်ခရီးသွားခြင်းက တကယ်ပဲ ရှိတာလား.... ပတ်ဝန်းကျင်က လှုပ်ရှားသွားလာနေသည့် လူများက သူမကို "ဒါတကယ်ဟုတ်တယ်" ဟု ပြောနေသလိုလို... မျက်ဝန်းတို့ကို မှိတ်လိုက်သည်... "မဖြစ်နိုင်တာ..." (BL မဟုတ်ပါ :\ ) (My OC)
အပိုင်း (၅၄)
Start from the beginning