"မင်းOmmaရဲ့ ဘယ်နှစ်ယောက်မြောက် အသုံးတော်ခံမှန်း မသိလိုက်တဲ့ သူဌေးကြီး
Zhang SiWon က ငါ့ Appa..ဟွန်း...
မင်း Appaကိုတော့ ကိုမသိဘူး"

YuMi မျက်နှာတစ်ချက်ညှိုးသွားလျက် SamMi ကနှုတ်ခမ်း တစ်ချက်ကိုက်၍

"မင်း လိုချင်တာအားလုံး ပြန်ယူပြီးပြီ.. ခု ငါ့သမီးနဲ့ ညိနေတာ ငါ့ကြောင့်လား"

"အစက မဟုတ်ဘူး"

"ဘာ!..."

"မင်း Omma ပြောတာတွေ မင်းနားလည်လား
YuMi ..."

Xing က SamMi ကိုမပြောတော့ပဲ YuMi ကို လှည့်မေးလိုက်သည် YuMi ကခေါင်းခါလျက်

"ဟင့်အင်း..မသိဘူး သိလည်းမသိချင်ဘူး ဒါပေမယ့် Ommaနောက်ကြောင်းရှေ့ကြောင်းတွေကိုသမီး
စိတ်မဝင်စားခဲ့ဘူး အခုကော ကိုကို နဲ့ Omma ဘယ်လိုကိစ္စတွေရှိနေခဲ့တာလဲ"

"ဘာမှမရှိဘူးသမီး ...Omma ကို ဒီကောင် အနိုင်ပိုင်းသွားခဲ့တာ... "

"ဟွန်း...ကြားရတာတော့ စိတ်မကောင်းစရာပဲ ခင်ဗျားက မလိမ်မိုး မလိမ်မာလေးဆိုတော့ ကျုပ်ကိုအရှုံးပေးလိုက်ရတယ်ပေါ့ ဟုတ်လား..."

"ဟုတ်တယ် Zhang Yi Xing... မင်းဆိုတဲ့ သတ္တဝါက ငယ်သာငယ်တာ အဆိပ်ပြင်းတဲ့ မြွေပွေးလိုကောင် အဖေတစ်ယောက်လုံးလက်သီးကပ်ပြီး ကြိမ်းဝါးဆုံးမနေတာတောင် ငါ့ကို ထိုးလားကြိတ်လား လုပ်နိုင်ခဲ့တာ...မိုက်ရိုင်းခဲ့တာ...
မင်းနဲ့ ငါ့သမီး ဘယ်လိုအခြေအနေ
ပဲဖြစ်နေပါစေ...ငါသဘောမတူဘူး"

Xing က မျက်ခုံးကျုံးသွားလျက် YuMi က
Xing အနားတိုးကပ်ရပ်တည်ကာ

"YuMi အခွင့်အရေးကို Omma မချုပ်ချယ်ပါနဲ့ Sorry ပဲ Omma
Korea ကို YuMi ပြန်လာခဲ့တာလည်း Ommaဆီကိုမဟုတ်ဘူး .."

"သမီး..."

"ဟွန်း..."

SamMi မျက်နှာသွေးပျက်မတတ်ဖြစ်သွားတော့ Xing ကရယ်လိုက်ပြီး ဘေးက YuMi မျက်နှာကို ငဲ့ကြည့်ကာ

"မင်း ကို သူ့သမီးဖြစ်နေမှန်းသိကာမှ ငါပိုပြီးစိတ်ဝင်စားတယ် ဘယ်လိုလဲ...လိုက်ရဲလား"

"လိုက်ရဲတာပေါ့.."

"ဟင့်အင်း..မလိုက်ရပါဘူး ညည်းကိုသူဖျက်စီးမှာ YuMi ဒီဘက်ကို ပြန်လာစမ်း"

Je hebt het einde van de gepubliceerde delen bereikt.

⏰ Laatst bijgewerkt: Oct 25, 2020 ⏰

Voeg dit verhaal toe aan je bibliotheek om op de hoogte gebracht te worden van nieuwe delen!

မင်းမကြည့်လို့မသိတာပါWaar verhalen tot leven komen. Ontdek het nu