Part 10(Z+U)

284 38 6
                                    


"ဟွန့်..."

အံကြိတ်ထားရင်း မဲ့လိုက်သော Xing ရဲ့မျက်နှာမှာအေးစက်ခက်ထန်ခြင်းတွေအပြည့်

SamMi သည်စကားမဆက်နိုင်ဘဲ နောက်ဆုံးခြေတစ်လှမ်းထပ်ဆုတ်သည်
ShinDon နဲ့ YuMi တို့လည်းဟိုမျက်နှာကြည့် သည်မျက်နှာကြည့်နှင့် ဘာဆက်ပြောရမှန်းမသိ ဆွံအနေကြသည်

SamMi သည်သမီးနှင့်အပြိုင်အလှပြင်ထားသလို
အရွယ်နှင့်မလိုက်အောင်ပြိုးပြက်လက်နေသောပြင်ဆင်မှုတွေနှင့် Xing သည်စေ့စေ့ကြည့်ရင်း စောစောက ShinDon ပြောသည့်သူ့ဦးလေးရဲ့ဘာညာဆိုတာ ဒီမိန်းမကြီးမှန်း နားလည်လိုက်ကာ ကျိခနဲ အသံမြည်အောင် အံကြိတ်သည်

Appa နဲ့လက်မထပ်ခင်ကတည်းက ဒီမိန်းမကြီးမှာချစ်သူဝိုင်းဝိုင်းလည် ဘယ်ဟာကအရင်းအမြစ်လဲ ဘယ်ဟာကအစွန်အဖျားလဲတောင် မသိလိုက်ခင်မှာပဲ Appaကဒီမိန်းမလက်ထဲမှာကျရှုံးခဲ့ရတာ

"မဟုတ်ရပါဘူးအစ်ကိုကြီးရယ်...သူက SamMi ရဲ့ အစ်ကိုဝမ်းကွဲပါ... "
"အမလေး အထင်မလွဲပါနဲ့ အစ်ကိုကြီးရယ် ဦးလေးအရင်းကြီးပါ.."

စသည်သော စကားတွေနဲ့Appaကိုမလှုပ်နိုင်အောင် တုပ်နှောင်ထားခဲ့တာ သူ့မှာမမြင်ချင်လည်းမြင်ရ မကြားချင်လည်းကြားရ... အခုရှေ့မှာ ဘွားခနဲပေါ်လာတော့ နောက်တစ်ယောက်ရဲ့ဇနီး

"Zhang Yi Xing.."

SamMi နှုတ်ဖျားမှ အားတင်းညစ်ထုတ်လိုက်
တဲ့စကားသံ ပထမဆုံးထွက်လာပြီး ငုံ့မကြည့်ပဲ ဟိုစမ်းသည်စမ်းနှင့်လက်တစ်ဖက်က YuMiလက်ကိုထိမိကာမှကမန်းကတမ်းဖမ်းဆုတ်ကာ

"မင်း...ငါ့သမီးလေးကို ဘာအကြံနဲ့ ချဉ်းကပ်တာလဲ"

"ဟွန်း.."

Xing က SamMi မျက်ဝန်းတွေကိုစိုက်ကြည့်နေရာမှ ပခုံးတွန့်ပြသည်

"အဲ့ဒါတွေ ခင်ဗျားသမီးက မပြောပြထားဘူးလား"

ထိုအခါမှ သမီးဖြစ်သူဘက်ကိုပြန်လှည့်ကြည့်
လိုက်မိသည်  YuMi က သူမ ဆုပ်ကိုင်ထား သည့်လက်ကို ရုန်းပြစ်လိုက်ရင်း

"Ommaတို့ ဘာတွေပြောနေကြတာလဲ...
ဘယ်တုန်းကသိနေတာလဲ..ပြောစမ်းပါ..Omma နဲ့ ကိုကိုက ဘယ်လိုသိနေကြတာလဲဆိုတာ"

You've reached the end of published parts.

⏰ Last updated: Oct 25, 2020 ⏰

Add this story to your Library to get notified about new parts!

မင်းမကြည့်လို့မသိတာပါWhere stories live. Discover now