လူငယ်​​လေးနားချည်းကပ်​သွားပြီး ​မှ ​ရှောင်းကျန့်​ဘယ်​လို​ပေးရမလဲ​တွေ​ဝေ​နေရတယ်

ထို့​နောက်​ ဆုံးဖြတ်​ချက်​အခိုင်​အမာချပြီး ထိုလူငယ်​​လေး​မှောက်​အိပ်​​နေတဲ့​ဘေးမှာ အနာကပ်​ပလာစတာ​တွေနဲ့ ​အရက်​ပျံ​ဆေးရည်​ဗူးကိုချထားပြီး အမြန်​​ပြေးထွက်​လာလိုက်​တယ်

မလှမ်းမကမ်းကား​ပေါ်က​နေ အနက်​​ရောင်​ပုံရိပ်​က​လေးကိုအချိန်​အ​တော်​ကြာထိုင်​ကြည့်​​နေမိ​သေးတယ်​ နှလုံးသားရဲဆန္ဒကို မလွန်​ဆန်​နိုင်​ဘူး ဒဏ်​ရာ​တွေကိုသူကိုယ်​တိုင်​​ဆေးထည့်​​ပေးချင်​ ​နေမိတာကို ​တွေးမိ​တော့ ​ရှောင်းကျန့်​ ရယ်​မိတယ်

လူကြီး​တွေရှက်​ရင်​ရယ်​​တော့တာပဲ

ကြွေရုပ်​က​လေးကို ပထမဆုံးအကြိမ်​စ​တွေ့ ကတည်းက စွဲလမ်းမိသွားတဲ့အ​ကြောင်း ဒိုင်​ယာရီထဲ ချ​ရေး​တော့မယ်

ဒဏ်​ရာ​တွေကသိပ်​များနာ​နေသလားဆိုတဲ့အ​တွေးနဲ့တစ်​ညလုံး​တောင်​ အိပ်​မ​ပျော်​ 

ဒါဟာ ​ကြွေရုပ်​က​လေးကို ပထမဆုံးအကြိမ်​ဆုံ​တွေ့ခြင်းပါပဲ

************
"လီလီ နဲ့ခင်​ဗျားက ​ဆေးစစ်​ချက်​​တွေအရ ကိုက်​ညီမှူရှိတယ်​တဲ့"

"အဲ့​တော့ ? ဝမ်​ရိ​ပေါ် ငါမင်းကို​ပြောပြီးပြီ​နော်​ သိန်း၂၀၀ မှမရရင်​ ငါက​တော့လုံးဝပဲလို့ "

ရှောင်းကျန့်​ ​ကော်​ဖီဆိုင်​ထဲစာအုပ်​ဖတ်​ရင်းအသံလာရာဆီ ကြည့်​မိ​တော့ ​​ အံ့ဘြ ဝမ်းသာသွားရတယ်
တစ်​ပြိုင်​ထဲမှာပဲ ​ရဲရဲ​တောက်​​နေတဲ့မျက်​ဝန်းနဲ့ ကျစ်​ကျစ်​ပါ​အောင်​ဆုပ်​ထားတဲ့လက်​သီး​​တွေ​ကြောင့်​ စိုးရိမ်​ ​သောက ဖြစ်​ရပြန်​​တယ်​ ဘာ​တွေကများ မင်းကို သည်​​လောက်​ နာကြည်း​​နေစေတာလဲ

"ခင်​ဗျား မို့လို့ဒီစကား​ပြောထွက်​တယ်​ လီလီက ဘယ်​သူ့သမီးမို့လို့ ခင်​ဗျား ဒီလို​တွေ​ပြော​နေရတာလဲ "

အသက်​၅၀ အရွယ်​​လောက်​ရှိမည့်​ လူကြီးတစ်​​ယောက်​ကို ဝါးမြို​တော့မတတ်​ စိုက်​ကြည့်​ပြီး ​ဒေါသမိုး​တွေရွာ​နေ​လေရဲ့

Everlasting Where stories live. Discover now