part-3

526 31 0
                                    


*ကောင်လေးတယောက်က ကျောက်ဆောင်မြင့်ပေါ်ကနေပင်လယ်ထဲကို ဒိုင်ပင်ထိုးချလိုက်သည်။ *
လူငယ်တစုက ထို video ကိုကြည့်ကာ အံ့အားသင့်ကာ မယုံနိုင်ဖြစ်နေကြသည်။

" WoW  Xiao Yue နင်တကယ်လုပ်လိုက်တာ မယုံနိုင်စရာပဲ "

ထိုလူငယ်တစုထဲမှ ကောင်မလေးက ပြောလိုက်သည်။
ထိုကောင်လေးမှာတော့ ကျေနပ်ပြုံးကြီးနှင့်လက်ဖြန့်ကာ

" ပေးလိုက်တော့ "

" ငါတော့ မင်းကြောင့် ဒေဝါလီခံရတော့မယ် "

" ဒါ သုံးပတ် အတွင်း လေးကြိမ်မြောက် လုပ်ရဲလားလောင်းတာ တခါလောက်မလုပ်ရဲဘူးငြင်းပါလား "

ကောင်လေးတစ်ယောက်က မကျေမနပ်ပြောရင်း လောင်းကြေးပိုက်ဆံအားပေးလိုက်သည်။

" ညည်းမနေနဲ့ sam နောက်နှစ်ရက်ဆို မင်းတို့အားလုံးက လန်ဒန်ဒစ်စကာဗာရီ ရုံးခန်းထဲမှာ ငါက ပေကျင်းမှာကျန်ခဲ့ရမှာ အဲ့ဒီကျရင် ငါ့ကိုသတိရပီးတော့ ငါ Xiao Yue ကိုငွေအားလုံးပေးခဲ့ရင်ကောင်းမှာ သူ့မှာအလုပ်သင်အနေနဲ့ ငွေနည်းနည်းပဲရတာ "

ထိုXiao Yue ဆိုသောကောင်လေးက ညည်းပြရင်းပြောလိုက်သည်။

" ငါတို့မင်းကိုမလွမ်းပါဘူး "
ထိုကောင်လေးကလည်းပြန်ချေပသည်။

" နင်တို့လုပ်ချင်နေတာ ဘာပဲဖြစ်ဖြစ် ရပ်ပီးတော့နားထောင်စမ်း ဒီနေ့ငါ အလုပ်နားတယ် နင်တို့ရဲ့ရုပ်ဆိုးတဲ့မျက်နှာတွေကို ငါတခုမှမမြင်ချင်ဘူး ဒါပေမယ့် မနက်ဖြန်မနက်တော့လာခဲ့ကြ ဒီကို ၇ နာရီအတိအရောက်နော် " သူတို့ရဲ့အလုပ်ရှင်မိန်းမကြီးရောက်လာပြီး တရစပ်မှာတမ်းခြွေကာ ထွက်သွားသည်။

" ဟုတ်ကဲ့ပါ Boss "
လူငယ်များ တညီတညွတ်ထဲအော်ပြောလိုက်သည်။

Xiao Yue က ထို boss နောက်ကိုပြေးလိုက်ရင်းမျက်နှာချိုသွေးကာ

" ကတ်သရင်း "

" သွားစမ်းပါ Xiao Yue "

" ကျွန်တော့်ကို လန်ဒန် ခေါ်သွားဖို့ စိတ်ကူးပြီးပြီလား "

" ကူးပီးပီ အဖြေက no ဒီတော့ ငါ့ရှေ့ကဖယ်တော့ "
ပြောပီးသည်နှင့် ထို boss မှာ မြန်မြန်ထွက်သွားတော့သည်။

Xiao Yue သာကျန်ခဲ့ရင်း တိုးတိုးလေးလှမ်းဆဲလိုက်သည်။

" Bi**h "

Xiao Yue တစ်ယောက်အိမ်ပြန်ရောက်လာပီးပစ္စည်းများချနေရင်းဖုန်းဝင်လာသည်။ ကြည့်လိုက်တော့ Lin Yin
Xiao Yue စိတ်ညစ်သွားရင်း မကိုင်လည်းမရသည်မို့ကိုင်လိုက်သည်။

" Lin yin… မင်းနဲ့ငါပြတ်ပီလို့ပြောပြီးပြီလေ ငါ့ကိုဖုန်းဆက်နေတာရပ်တော့ …Lin Yin ခြောက်လလောက် တွဲလိုက်တာနဲ့ မင်းကဘာတွေရောဂါ တက်နေတာလဲ....မင်းငါ့ကို ချစ်နေသေးတယ်?
ဒါပေမယ့် ငါမင်းကိုအခုမချစ်တော့ဘူး ရှင်းရှင်းလေးပဲ မေ့လိုက်တော့ "
ပြောရင်း ဝတ်ထားသောစစ်ကုတ် အကျီၤ ကိုချွတ်ကာ ကုတင်ပေါ်ပစ်တင်လိုက်သည်။အရှိန်နဲ့ပစ်ကျသွားသော စစ်ကုတ် အကျီၤ ထဲမှ စာအုပ်တအုပ် ထွက်ကျလာခဲ့သည်။ဒါ ဟိုစစ်သားကြီးရဲ့စာအုပ်ပဲ။Xiao Yue ထိုစာအုပ်ကိုယူကြည့်ရင်း ဖွင့်ဖတ်ကြည့်လိုက်သည်။  ပထမဆုံး စာမျက်နှာ မှာ

* Wang Yi Bo *

ဆိုသောနာမည်ရေးထားသည်။

" Wang Yi Bo" Xiao Yue တိုးတိုးလေး ရေရွတ်မိလိုက်သည်။

As Long As I Live Where stories live. Discover now