"ဝမ်​ရိ​ပေါ် သတိထားပါဦး ငါက​နောက်​​နေတာ ငါတို့ လူရိုက်​တဲ့အလုပ်​ပဲလုပ်​ကြရ​အောင်​ ​နော်​ "

၂၂နှစ်​အရွယ်​ဝမ်​ရိ​ပေါ်မှာအသည်းကင်​ဆာဖြစ်​​နေတဲ့ ညီမ​လေးတစ်​​ယောက်​ရှိတယ်​ ​ရောဂါသည်​ညီမ​လေးအတွက်​ အ​သေးစား​ကြေးစားလူမိုက်​ အဖြစ်​နဲ့ပိုက်​ဆံရှာတယ်​ ဝမ်​ရိ​ပေါ်မှာချမ်းသာတာဆိုလို့ ​ဆေးရုံ​ပေါ်မှာအမြဲလိုလိုရှိ​နေတတ်​တဲ့ လီလီဆိုတဲ့ညီမ​လေးနဲ့ ဝမ်​ရိ​ပေါ်ငယ်​စဉ်​က ​​မွေး​နေ့လက်​​ဆောင်​ရခဲ့ဖူးတဲ့ ဆိုင်​ကယ်​တစ်​စီးပဲရှိတယ်
မျက်​နှာ​ချော​ချောဟာ ဒဏ်​ရာ မပြတ်​​ပေမဲ့ အသားအ​ရေက ​ကြွေရုပ်​​လေးလိုပဲ ဖြူနှစ်​​နေ​ရော အဲ့သည်​ဒဏ်​ရာ​တွေက​တောင်​ ရိ​ပေါ်ကိုပိုပြီးကြည့်​​ကောင်း​စေသလိုပဲ ဝမ်​ရိ​ပေါ်ရဲ့မျက်​ဝန်းနက်​နက်​​တွေက ​တောက်​ပလွန်း​နေပြီး မာ​မာ​ကျော​ကျောပဲ ဝမ်​ရိ​ပေါ်က လီလီနဲ့ သူငယ်​ချင်းကျိုးချန်​ကလွဲရင်​ ဘယ်​သူ့မှဂရုမစိုက်​ဘူး

"ငါက​တော့မ​နောက်​ဘူး လီလီ သာမရှိရင်​ ငါလည်းမရှိနိုင်​ဘူး သူ့အတွက်​ငါဘာမဆိုလုပ်​မယ်​ "

ဝမ်​ရိ​ပေါ်ရဲ့မျက်​လုံး​တွေက အမှန်​တစ်​ကယ်​ကိုတည်​ကြည်​​နေလို့ ကျိုးချန်​လန့်​သွားမိတယ်

"သည်​​လောက်​​တောင်​ချစ်​ရလား"

ကျိုးချန်​ကတုန်​ရင်​​နေတဲ့အသံနဲ့မျက်​နှာကိုဒူးနှစ်​လုံးကြားထဲဖွက်​သွားတယ်

"ငါ့မှာ အားလီကလွဲရင်​တွယ်​တာစရာမရှိဘူး"

ကြွေရုပ်​က​လေးရဲ့မျက်​နှာမှာမျက်​ရည်​​တွေအပြည့်​ပဲ

ဝမ်​ရိ​ပေါ်ရဲ့ မျက်​စိ​ရှေ့ကို ​ခြေတစ်​စုံလာရပ်​တယ်

"ဒီကညီ​လေး အကို့အချစ်​​တော်​ လုပ်​​ပေးနိုင်​မလား?"

ဘြရှရှ အသံဟာ ​လေ​ပြေက​လေး ရိ​ပေါ်မျက်​နှာကို ခတ်​သွားသလိုပဲ ​အေးမြတယ်

ရိ​ပေါ်​ရောကျိုးချန်​ပါ ရုတ်​တရတ်​ ​ရောက်​လာတဲ့အသံပိုင်​ရှင်​ကို ​တစ်​ပြိုင်​နက်​​မော့ကြည့်​မိကြတယ်

Everlasting Where stories live. Discover now