"လန့်လိုက်တာကွာ မင်းတို့ကလည်း ဘာလို့အာ့လောက်တောင်အော်ကြတာလဲ"

"ရိပေါ်က ရေကြောက်တယ် ရေကူးကန်သွားလို့မဖြစ်ဘူး"ဟု ကျန်းချန်ကပြောလိုက်သည်

"ရိပေါ်ကလည်း မင်းရေကြောက်တာကို ငါပျောက်အောင်လုပ်ပေးမယ် သွားကြမယ်လေကွာ"

"အင်း" ရိပေါ်ပြန်ဖြေလိုက်သည်
ရိပေါ်ဆီက ခွင့်ပြုချက်ကိုရပြီးနောက် ရှောင်းကျန့်တို့၃ယောက်က ကားဆီသို့ထွက်သွားကြသည်

စစ်ကျွေးတို့၃ယောက်က ရိပေါ်ကိုဝိုင်းတားကြသည်
"ငါအမြဲတမ်းကြောက်နေလို့မရဘူးလေ ငါကြိုးစားကြည့်မလို့"
တားမရတဲ့အဆုံး သူတို့လည်းခွင့်ပြုလိုက်ကြသည်

ရိပေါ်ကားပေါ်ကိုရောက်သောအခါ ရှောင်းကျန့်က
"ရိပေါ် မကြောက်နဲ့နော် မင်းကိုရေကူးသင်ပေးမယ်"

"အင်း" ရိပေါ်တကယ်တော့ သူအရမ်းကြောက်နေသည်
ငယ်ငယ်ကသူရေနစ်သော ပုံရိပ်များ
သူ့ကိုလာကယ်ရင်း သေသွားတဲ့သူ့ရဲ့အထိန်းတော်ပုံရိပ်များ သူတဖြေးဖြေးပြန်မြင်လာခဲ့သည်

"ရိပေါ်ရောက်ပြီ ဆင်းတော့လေ"

ရေကူးကန်တွင် ရှောင်းကျန့်က
"မင်းတို့တွေ ဟိုဘက်ကန်ကရေကူးကြလေ ငါရိပေါ်ကို ရေကူးလေ့ကျင့်ရေးကန်မှာ ရေကူးသင်ပေးလိုက်မယ်"

"ကျွန်တော်တို့လည်း လိုက်ခဲ့မယ်"

"ရပါတယ်ကွာ ကျန်းချန် စိတ်ချ ဟုတ်ပြီလား"
အမှန်တော့ သူတို့၃ယောက်လုံး ရေကူးသင်ထားသည်မှာ ရိပေါ်ကြောင့်ဖြစ်သည်

ရှောင်းကျန့်တို့လည်း ရေကူးရန်ပြင်ဆင်နေလိုက်သည်
ရိပေါ်လည်း ရေကူးကန်ကိုမြင်သောအခါ ပုံရိပ်များကအဆက်မပြတ်ပေါ်လာခဲ့သည်
အသက်ရှူမဝဖြစ်လာပြီး မျက်လုံးတွေပြာလာသောကြောင့် ရိပေါ်ကြမ်းပြင်ပေါ်သို့ထိုင်ချမိလိုက်သည်
ရှောင်းကျန့်လည်း ရိပေါ်ကိုမြင်သောအခါ အနားကိုပြေးလာမိသည် သူအနားရောက်သောအခါထိုကောင်လေးမျက်နှာမှာ မျက်ရည်တွေပြည့်နှက်နေလေသည် ပါးစပ်မှလည်း
"ကျွန်တော်ကြောက်တယ် အာ့ကန်ထဲကရေတွေကိုမထိရဲဘူး"

ရှေ့ဆက်တိုးခွင့်(ZawGyi/Unicode)حيث تعيش القصص. اكتشف الآن