ရှဲ့လျန်မှာ ဟွားချန်း၏ အထိအတွေ့ကြောင့် ပိုလို့ စိတ်လှုပ်ရှားလာပြီး လက်များက ရည်ရွယ်မထားသည့်တိုင် ဟွားချန်းဝတ်ရုံလွှာပေါ် ရောက်သွားသည်။

ခဏအကြာမှာ ဟွားချန်း၏ မေပယ်ရွက်ရောင် ဝတ်ရုံနီမှာ သူ့ကိုယ်ပေါ်တွင်မရှိတော့ဘဲ အောက်ခံဝတ်ရုံကိုလည်း ရှဲ့လျန်က ဆွဲ၍ ချွတ်ပလိုက်သည်။ အပေါ်ဝတ်ရုံမရှိတော့သော ဟွားချန်၏ ဗလာကျင်းခန္ဓာကိုယ်၏ ဆွဲဆောင်အားမှာ ရှဲ့လျန်ကို အမှန်ပင် ရူးသွပ်စေသည်။

ဟွားချန်းကမူ သူ့ကိုနမ်းပြီး ပွတ်သပ်ရင်းပြောသည်။

"ကိုကို. . .''

"အင်း''

"ကိုကို. . . ကျွန်တော့်ကို ချစ်လား''

"အင်း''

"ကိုကိုက ဘာလို့ အင်းပဲဖြေနေတာလဲ'' ဟွားချန်းကမေးသည်။

ရှဲ့လျန်၏ ဦးနှောက်မှာ ဗလာကျင်းကာ ဘာမှကို မတွေးနိုင်။

လောလောဆယ် သူ၏ ခန္ဓာကိုယ်က အနေရခက်စွာ တုံ့ပြန်နေပြီး ဆန္ဒမီးတို့မှာ အရှိန်အဟုန်နှင့် တောက်လောင်နေချေပြီ။ သူက ကူကယ်ရာမဲ့စွာ ဟွားချန်း၏ နှုတ်ခမ်းကို အတင်းဖိကိုက်မိသည်။

ဟွားချန်းကတော့ သူ၏ ဆန္ဒကို နားလည်သည့်အလား အနမ်းကိုအလိုက်သင့် တုံ့ပြန်ရင်း ရှဲ့လျန်၏ အောက်ခံဝတ်ရုံကိုပါ ချွတ်နေသည်။

အနမ်းများမှာ ရူးသွပ်ဖွယ်ကောင်းအောင် ပြင်းထန်ပေမဲ့ ဟွားချန်၏ အပြုအမူတိုင်းမှာ ညင်သာပြီး နူးညံ့လှသည်။ ထိုသည်က ရှဲ့လျန်စိတ်ကို ပိုလို့ တောက်လောင်စေသည်။

အတန်ကြာနမ်းနေသည့် နှုတ်ခမ်းလွှာကို လွှတ်ပေးလိုက်ပြီးနောက် ဟွားချန်းက တင်းတိမ်ပုံ မရဘဲ ရှဲ့လျန်၏ ဝင်းမွတ်သော လည်တိုင်ကို ဦးတည်လာလေသည်။ ဟွားချန်းက မနာကျင်အောင် သာသာလေးပင် ဖိကိုက်နေသည်။

ရှဲ့လျန်၏ ဖြူဝင်းသောအသားအရေမှာ ဟွားချန်၏ ကိုက်ရာကြောင့် နီရဲတက်လာသည်။

ရှဲ့လျန် သိသည်။ ဟွားချန်းက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ယခုလို အနီမှတ်လေးများ ချန်ထားရသည်ကို နှစ်သက်သည်။

Heaven Official's Blessing's Fan Fic {Complete}Opowieści tętniące życiem. Odkryj je teraz