Chapter 2 .

24.5K 1.5K 35
                                    

This is a rated chapter. Read at your own risk. >>>

ရှဲ့လျန်သည် အပွေ့အချီခံရပြီး ပူဇော်ပစ္စည်း ထားသည့်စင်နားရောက်လာသည်။

ဟွာချန်းမှာမူ ရှဲ့လျန် ထိခိုက်သွားမည်ကို စိုးသည့်အလား ဖြည်းညင်းစွာ စင်ပေါ်သို့ ချလိုက်သည်။

ရှဲ့လျန်က အေးစက်စက် မာကျောသည့် အထိအတွေ့ကို မျှော်လင့်ထားသော်လည်း မထင်မှတ်ဘဲ နူးညံ့သည့် အထိအတွေ့ကိုသာ ရလိုက်သည်။ ကြည့်လိုက်တော့ ဟွားချန်သူ့ကိုချထားသည့် စင်မှာ အနီရောင် သားမွှေးအခင်းကြီးတစ်ထည်ရှိနေသည်။ သားမွှေး၏ အစမှာ နူးညံ့လွန်းသောကြောင့် ရှဲ့လျန်အံ့သြသွားရသည်။

ယခင်တစ်ခါ ဒီနတ်ကွန်းမှာ ဟွားချန် အချစ်စမ်းစဥ်က အောက်ဘက်မှ စင်သည် မာကျောနေသောကြောင့် ရှဲ့လျန်ကိုယ်ခန္ဓာမှာ နှစ်ရက်လောက် လှုပ်မရဖြစ်သွားခဲ့ဖူးသည်။

စစ်နတ်ဘုရားပင်ဖြစ်သော်လည်း အချစ်နယ်ကျွံခြင်းလို အကျွမ်းတဝင် မရှိသည့် ကိစ္စအတွက်ကတော့ ရှဲ့လျန်၏ ခန္ဓာကိုယ်က ကျင့်သားမရသေးပေ။

ယခုတော့ ဟွားချန်းက သူ့အတွက် ကြိုတင် ပြင်ဆင်ထားလေပြီ။ အနီရောင်သားမွှေးအခင်းကြီးက နူးညံ့အိစက်ကာ သက်သောင့်သက်သာ ရှိသည်က အမှန်ပင်။

ဟွားချန်းက ခါတိုင်းလိုပင် မေပယ်ရွက်လို နီးမြန်းနေသော ဝတ်စုံကို ဝတ်ဆင်ထားသည်။ ရှဲ့လျန်မှာတော့ ဟွားချန်းလက်ချက်နှင့် အောက်ခံအဖြူ ဝတ်ရုံပါးတစ်ထည်သာ ရှိတော့သည်။

ဟွားချန်က ရှဲ့လျန်၏ အနားသို့ တိုးလာပြီး နှုတ်ခမ်းကို အသာအယာဖိကာ နမ်းရှိုက်လေသည်။

အစပိုင်း၌ ငြင်းဆန်ရန် ကြိုးပမ်းသော်ငြား ရှဲ့လျန်သည် ရင်ထဲက လှိုက်တက်လာသည့် ဆန္ဒကို ကြာရှည်မထိန်းချုပ်နိုင်။

ဟွားချန်း၏ အနမ်းကို တရှိုက်မက်မက်တုံ့ပြန်မိလေပြီ။

ဟွားချန်က အနမ်းကို အရှိန်မြှင့်ရင်း ရှဲ့လျန် တစ်ကိုယ်လုံးကို ပွတ်သပ်နေသည်။ အချိန်အတော်ကြာ ရင်းနှီးခဲ့သောကြောင့် ရှဲ့လျန် ခန္ဓာကိုယ်၏ အထိမခံသော အစိတ်အပိုင်းတိုင်းကို သူ သိနေလေပြီ။

Heaven Official's Blessing's Fan Fic {Complete}Donde viven las historias. Descúbrelo ahora