" .... "

မျက်လုံးလေးတွေကိုမှေးအစ်ပြီးမကျေနပ်
ကြောင်းသရုပ်ဖော်နေသည်မှာ တရုတ်မ
ပေါက်စလေးတစ်‌ယောက်လိုပင် ။
သူ့အတွေးနဲ့သူသဘောကျပြီးရယ်မိတော့
'ဘာရယ်တာလဲ'ဆိုသည့်ရုပ်နဲ့ မပွင့်တော့တဲ့
မျက်လုံးကိုထပ်မှေးရင်းကြည့်ပြန်သည် ။

" ဒီလိုလုပ်လေ ကိုယ်အလုပ်ကိုနေ့တိုင်း
မသွားတော့ဘူး ငါးရက်ပဲသွားမယ်၊ ထယ်
သဘောတူလား "

ခေါင်းလေးတစ်ဆတ်ဆတ်ငြှိမ့်ပြရှာတယ်ရယ်
တကယ်တော့ အလုပ်ကစနေ၊တနင်္ဂနွေ
နှစ်ရက်ပုံမှန်ပိတ်နေကျပင် ။ ထိုကလေး
စိတ်ချမ်းသာအောင် ကျွေးမိကျွေးရာကျွေး
လိုက်သော ဂျင်းချိုချိုလေးသာ ။

" အခု ထယ်ထယ် ပါးနဲ့လိုက်လာလို့ရတယ်
မလား "

ပါပါးမျက်လုံးတွေတချက်ပြူးသွားမှန်း
ထယ်ထယ်သေချာတွေ့လိုက်သည် ။
မလန့်ပါနဲ့ ထယ်ထယ်လိမ်လိမ်မာမာနေမှာပါ
ပါးရယ်!

" ထယ်လေး လိုက်ချင်ရင် လိုက်..လိုက်ခဲ့လေ "

ခွင့်ပြုချက်ရသည်နှင့်တစ်ပြိင်နက်
ပေါင်ပေါ်ကဆင်းပြီး သူ့ကျောပေါ်ကွေးကွေး
ကုပ်ကုပ်လေးတက်လာသည် ။ ဒါသူ့ကို
ကုန်းပိုးပါဦးဆိုတဲ့‌သဘော ။ အချွဲလေးရဲ့
ချစ်ဖို့ကောင်းမှုကြီးကိုတောင့်မခံနိုင်သော
ဂျွန်ဂျောင်ကုမှာ‌တော့ ထိုပြသနာထုပ်လေးအား
ကိုယ်တိုင်ရုံးသို့ခေါ်သွားလေပြီ ။

..........................

" ကလေးက အသက်ဘယ်လောက်လဲ "

" ဘာလဲ ဘာလို့မေးတာလဲ ဘာဖြစ်ချင်
နေလို့လဲ "

အသစ်ခန့်ထားသော Secretary မလေးအား
စွာချင်တိုင်းစွာတနသောဂျွန်ထယ်ထယ်လေး!
ထယ်ထယ် ထိုမမကိုသဘောကျသလို
သဘောလဲမကျပါ ။ ရှုပ်သွားပြီလား?
လာမရှင်းခိုင်းနဲ့ သူ့ဟာသူတောင်ဘယ်လို
ရှင်းရမှန်းမသိသေးဘူး!

" မမက ကလေးကိုချစ်ဖို့ကောင်းလို့မေးတာ
ပါ ။ ကလေးမကြိုက်ရင်မမေးတော့ဘူးနော် "

PURPLE || KV || ✔Where stories live. Discover now