သူတို့ရောက်တော့ စစ်ကျွေးတံခါးလာဖွင့်ပေးသည်

"ရိပေါ်တို့ကတော့ အိပ်နေတုန်းပဲ Geတို့ Geတို့ရော အိပ်ရေးဝခဲ့လား"

"Geတို့အိပ်ရေးဝပါတယ် မင်းရောမအိပ်ရသေးဘူးမလား သွားအိပ်လိုက်လေ Geတိုစောင့်ပေးမယ်"လို့ ရှောင်းကျန့်ကပြောလိုက်သည်

"ဟုတ် အာ့ဆို ကျွန်တော်ခဏအိပ်လိုက်ဦးမယ် သူတို့ကိုစိတ်ပူလို့ ကျွန်တော်စောင့်နေတာ"
ရှောင်းကျန့်တို့လည်း သက်ဆိုင်ရာအခန်းတွေထဲဝင်ပြီး စောင့်နေလိုက်သည်
(GeGeတို့နော် ကလေးတွေကိုထိုင်ကြည့်ချင်လို့ စစ်ကျွေးလေးကိုအတင်းအိပ်ခိုင်းနေတယ်)

ရှောင်းကျန့်လည်း ရိပေါ်လက်ကလေးကိုကိုင်ပြီး *မြန်မြန်နေကောင်းပါတော့ ကလေးရယ်*ဆိုပြီးတော့သာ ပြောနေမိတော့သည်

ခဏကြာတော့ ရွှယ်ယမ်နဲ့ကျန်းချန်လည်း နိုးလာသည်

ရိပေါ်လက်ကလေးတွေလှုပ်လာတော့ ရှောင်းကျန့်သူကိုင်ထားသည့်လက်ကိုလွှတ်ပေးလိုက်သည်

"ရိပေါ်သက်သာလား နေရတာအဆင်ပြေလား"

"ဟုတ် Ge သက်သာပါတယ် စောင့်ပေးလို့ကျေးဇူးတင်ပါတယ်"

"ရပါတယ် မလိုပါဘူး ဘာစားချင်လဲ Geဘာလုပ်ပေးရမလဲ" ရှောင်းကျန့်ပြုံးပြရင်းမေးလိုက်သည်

*Geပြုံးပြတာကိုမြင်ရတာ ငါ့ရင်ထဲနွေးထွေးသွားသလိုပဲ ပြီးတော့ အာ့အပြုံးကိုလည်းအမြဲမြင်ချင်မိတယ် ပြီးတော့မှဲ့လေးကိုရောပဲ* ရိပေါ်အတွေးထဲမျောနေစဉ်

"ရိပေါ် အဆင်ပြေရဲ့လား"

"အော် အင်း ပြေပါတယ်"

"ဘာစားချင်လဲ ရိပေါ်"

"ရတယ် Ge အဆင်ပြေတာ"
ရှောင်းကျန့်လည်း ကျန်းချန်တို့ကို ရိပေါ်နိုးလာကြောင်းပြောပြီူး မီးဖိုချောင်ထဲဝင်ခဲ့လိုက်သည်
သူတို ခုဏ supermarketကိုဝင်ခဲ့ကြသည်လေ ချက်ပြုတ်ကျွေးဖို့
ရှောင်းကျန့် ဆန်ပြုတ်ပဲချက်ဖို့တွေးလိုက်သည်

Unicode

"မဖြစ်တော့ဘူး ရိပေါ်ကိုအေးဆေးနေပါစေဆိုပြီး ခဏလွှတ်ပေးထားတာ ခုကြာနေပြီ တစ်ခုခုဖြစ်နေမှဖြင့်"
ကျန်းချန်လည်းပြောပြီ အခန်းသော့အပိုယူပြီး ဖွင့်လိုက်သည် ရှောင်းကျန့်တို့လည်းပါလာခဲ့သည်

ရှေ့ဆက်တိုးခွင့်(ZawGyi/Unicode)Where stories live. Discover now