~25~

1.1K 68 0
                                    

*ring ring..*

"Hello! "

"​စေ... အခုငါပို့လိုက်​တဲ့ လိပ်​စာ အတိုင်း ငါ့ဆီလာခဲ့ပါ.."

ရဲရင့်​တစ်​ယောက်​ သူ​ပြောချင်​သော စကားတစ်​ခွန်းသာ​ပြောပြီး ချက်​ချင်း ph ချသွားသည်​..။ ခဏကြာ​တော့ လိပ်​စာတစ်​ခုက sms နှင့်အတူ​ရောက်​ရှိလာသည်​..။ ကျွန်​တော်​သည်​လည်း လိပ်​စာအတိုင်း ရဲရင့်​ကိုသွား​တွေ့လိုက်​မိသည်​..။ ယခုအချိန်​တွင် လွမ်း၏ အနာဂတ်သည်ကား သူ၏လက်​ထဲ​ရောက်​နေသည်​မဟုတ်​ပါလား...

ကျွန်​တော်​ရဲရင့်​ဆီ​ရောက်​သွား​တော့ ရဲရင့်​က ကြို​ရောက်​နေနှင့်​ကာ​စောင့်​နေသည်​..။ ဆိုင်​လေးက သီးသန့်​ဆန်​၏..။ လာ​ရောက်​သူများကိုကြည့်​ရှုချက်​အရ.. စီးပွား​ရေးသမားများ..၊ ရာထူးကြီးလူတန်းစားများ လာ​လေ့ရှိ​သော ဆိုင်​လေးဖြစ်​လောက်​သည်​..။

ကျွန်​တော်​ရဲရင့်​ဆီ​လျှောက်​လှမ်းသွား​တော့ ရဲရင့်​က ခုံ​လေးဆွဲ​ပေးရင်း ထိုင်​စေသည်​..။

"​ပြောစရာရှိတာ ဘာလဲ ရဲရင့်​.."

"အခုချိန်​မှာ ငါ့မှာ ရှိတဲ့​ပြောစရာဆိုတာက ဘာဖြစ်​မယ်​ထင်​လဲ.."

"မင်း လွမ်း ကိုဘာလုပ်​ဦးမလို့လဲ.."

ကျွန်​တော့်​ရင်​ထဲနင့်​သွားမိသည်​..။ စို့နင့်​မှုများ​ကြောင့်​ ရင်​ထဲ​အောင့်​သွား​သော်​လည်း ခံစားချက်များစွာအား မျက်​နှာ​ပေါ်​ရောက်​မလာ​စေရန်ထိန်းချုပ်​ရင်း မြုသိပ်​လိုက်​မိသည်​..။

~~မင်းရဲ့စိတ်​ထဲမှာ လွမ်း ကလွဲပြီး တစ်​ခြားသူမရှိ​တော့ဘူးလား​စေ...~~

"ငါဘာမှမလုပ်​ပါဘူး...။ မင်းဘက်​က အ​ပေးအယူကို လက်​ခံရင်​ပေါ့..."

"မင်းမဟုတ်​တာ​တွေ​ တောင်းဆိုဖို့ဆိုရင်​တော့ ငါလိုက်​လျောမှာမဟုတ်​ဘူး.. ရဲရင့်​.."

"ဒါ​ပေမယ့်​ မင်း​တောင်းဆိုတာမှန်​သမျှ​တော့ ငါအကုန်​လုံး ဖြည့်​ဆည်း​ပေးခဲ့တယ်​နော်​..။ ငါရင်​တွေ စုတ်​ပြတ်​သတ်​သွားတယ်​ဆိုရင်​တောင်​မှ​ပေါ့..."

"အ​ရေးမပါတဲ့စကား​တွေ ဆက်​ပြောဖို့ဆိုရင်​ငါပြန်​တော့မယ်​..."

"စေ" (SEASON-1) {Unicode}+{Zawgyi}Where stories live. Discover now