"ရဲရင့်​..!!  မင်း ဒါဘာသ​ဘောလဲ..."

"ဘာကလဲ.."

"မင်း အခုမှ မသိချင်​ယောင်​ဆောင်​မ​နေနဲ့..။ လွမ်း ရဲ့ကိစ္စက  မင်းလက်​ချက်​မလား..."

"​စေ..မင်းဒါ​တော့တရားလွန်​သွားပြီ...။ ဒီကိစ္စမှာ......"

"ငြင်းဖို့စဉ်းစား​နေတယ်​ဆိုရင်​တော့ ရပ်​လိုက်​တော့​ရဲရင့်...။ ငါအကုန်​စုံစမ်းပြီးမှ​ရောက်​လာတာ..."

"​သြော်..."

"​သြော်..? သြော်​.. တဲ့လား...."

"ငါလုပ်​တယ်​..။ ဟုတ်​ပြီထားလိုက်​..။ အဲ့ဒီ​တော့...? "

"အဲ့ဒီ​တော့..? ဟုတ်​လား..? ဟိတ်​ကောင်​ ရဲရင့်​..!!'

စေ​ သည်ကား ပြောလည်း​ပြော လက်​ကလည်း မဆိုင်းမတွပင်​ ရဲရင့်​၏ ကော်​လံစကို​ဆောင့်​ဆွဲလိုက်​သည်​..။

"မင်း ငါ့အ​ပေါ်ကို စိတ်​နာရင်​နာနိုင်​တယ်​..။ ဒါ​ပေမယ့်​ ဒီကိစ္စက လွမ်း နဲ့ဘာမှ မဆိုင်​ဘူး ရဲရင့်​..။ လွမ်း ကိုမထိနဲ့.."

"လွမ်း...တဲ့လား..။  ဟက်​ဟက်​..​တော်​တော်​စိတ်​ပူ​နေတယ်​ထင်​ပါ့..။ ငါက မဆိုင်​လည်း ဆွဲထည့်​ချင်​တယ်​ဆိုရင်​ရော.."

"မင်း... !! ကဲကွာ.."

*ခွပ်​...*

"​စေ..! "

ရဲရင့်​သည်ကား အထိုးခံလိုက်​ရ​သည်ကြောင့် ရုတ်​တရက်​လန့်​သွားသည်​..။ ထိုထက်​ပိုသည်​ကား... ကိုယ်​နင့်​နေ​အောင်​ချစ်​ရသူထံမှ အမုန်း​များ ရောယှက်​နေသည့် လက်​သီးတစ်​ချက်​ ဆုချ​ခံလိုက်​၍ပင်​...

"မဆိုင်​သူကို ဆွဲမထည့်​ဖို့ ငါ​ပြော​နေတယ်​လေ...။ မင်းနာကျည်း​နေတာ ငါ့ကိုမဟုတ်​လား..။ ငါ့ကိုပဲ လုပ်​ပါ..။ လွမ်း နဲ့မဆိုင်​ဘူး.."

"ဆိုင်​တယ်​.. ။ သိပ်​ဆိုင်​တာ​ပေါ့..။ မင်းအခု ဘာ​ကြောင့်ငါ့ဆီ​ရောက်​နေတာလဲ..။ မင်းသိပ်​ချစ်​တဲ့ မင်းရဲ့ လွမ်း​ကြောင့်​မလား...

မင်းငါ့ဆီ​ရောက်​လာဖို့ ငါကြိုးစားမလို့...။ အဲ့ဒီအတွက်​လွမ်းပုံရိပ်​က အဓိက​လေ..။ မဆိုင်​ပဲ​နေမလား..."

"စေ" (SEASON-1) {Unicode}+{Zawgyi}Where stories live. Discover now