"စစ်ကျွေးကလည်း ငါ့မှာ သွေးမတိတ်ရောဂါရှိတာကို သိရဲ့သားနဲ့ အာ့လောက်စိတ်မပူနဲ့လေ"

"စိတ်မပူဘဲနေလို့ရမလားကွ မင်းရဲ့သွေးတွေကမြင်တောင်မကောင်းဘူး ထွက်နေတာ"ဟု ရွှယ်ယမ်ဝင်ပြောလိုက်သည်

ရိပေါ်လည်းဖက်နေရင်းမှ ရှောင်းကျန့်တို့ကိုမြင်လိုက်သည်
"ဒါနဲ့ Geတို့က"

"ဒါက ငါ့ကိုစာသင်ပေးနေတဲ့Geလေ ရှောင်ရှင်းချန်တဲ့ Geတို့ကညက ငါတို့ကိုကူညီပေးတာ ညလုံးပေါက်ဒီမှာ"

"Geနာမည်က ရှောင်းကျန့်ပါ သူကလန်ရှီးချန်တဲ့"

"ဟုတ်ကဲ့ Geတို့ကိုကျေးဇူးတင်ပါတယ်"

"ဒါနဲ့ ရိပေါ် မင်းနေမကောင်းတာ မင်းပါးနဲ့မားကိုမပြောတော့ဘူးလား"

"မင်းကလည်းကွာ ပြောလည်း နေမကောင်းရင်ဆေးရုံသွားတက်လို့ပဲပြောမှာလေ ဘာလုပ်ဖို့ပြောနေမှာလဲ"
ရှောင်းကျန့် အာ့စကားကိုကြားပြီး စိတ်မကောင်းဖြစ်သွားသည်
*ဒီကလေးအကြောင်း စုံစမ်းကြည့်မှပဲ အာ ငါဘာလို့ သူ့ကိုစိတ်ဝင်စားနေတာပါလိမ့် ငါအရင်ကအာ့လိုမဟုတ်ပါဘူး*

ကျန်းချန်ကလည်း "Geတို့လည်း ပြန်နားလိုက်ကြပါလား ပင်ပန်းနေမှာပေါ့ ဒါမှမဟုတ်လည်း ကျွန်တော်တို့အခန်းမှာ ခဏနားမလား"

"အာ့လည်းအဆင်ပြေတာပဲ Geတို့ဒီမှာပဲခဏနားလိုက်မယ်လေ"
သူတို့လည်း ညတည်းကပင်ပန်းနေတော့ အိပ်ပျော်သွားကြသည်

"Wang Yibo မင်းထွက်ခဲ့စမ်း"
ရှောင်းကျန့်လည်း ဆူညံသံတွေကြားပြီး နိုးလာခဲ့ကြသည်

"Wang yiboမင်းလိမ်လိမ်မာမာ မနေနိုင်ဘူးလား"

"ကျွန်တော်ဘာလုပ်နေလို့လဲ ပါး"

"ဘာ မင်းအပြစ်မင်းမသိဘူးလား
ကဲ ကွာ"
သူ့ပါးက ရိပေါ်ကို လက်သီးနဲ့2ချက်ဆင့်ထိုးလိုက်သည်
ရိပေါ်လည်း လဲကျသွားသည် စစ်ကျွေးလည်း ရိပေါ်နားသွားတာ ရိပေါ်ပါးစပ်ကသွေးတွေကိုသုတ်ပေးလိုက်သည်
ကျန်းချန်နဲ့ရွှယ်ယမ်လည်း ရိပေါ်ရှေ့ကရပ်ကာ
"ဦးလေး ရိပေါ်ကဒဏ်ရာကြီးနဲ့ ဦးလေးမကျေနပ်သေးဘူးဆိုရင် ကျွန်တော်တို့ကိုထိုး"

ရှေ့ဆက်တိုးခွင့်(ZawGyi/Unicode)Tempat cerita menjadi hidup. Temukan sekarang