Colourless ( Part 11)

Start from the beginning
                                    

"ဒီအရူးမလေးက ငါ့ကိုပဲ လိုက်ချင်နေ....."

တဖက်သို့ သူစကားလှည့်‌ပြောနေချိန်တွင် အငိုက်ဖမ်းကာ လှမ်း‌ဆွဲလိုက်သော်လည်း အကင်းပါးသော သူက ရှောင်လိုက်သဖြင့် လူကို ဖမ်းမမိလိုက်။

သို့သော်လည်း သူ ဆွဲနေကြ လက်ဝါးကပ်တိုင် ဆွဲကြိုးလေးက ကျွန်မလက်ထဲသို့ ပါလာခဲ့သည်။

ထိုအခါမှ သတိပြန်ဝင်လာသော ကျွန်မထံသို့ သူ့ လည်ပင်းများ ပွန်းသွားလေပြီလား ဟူသော စိုးရိမ်စိတ်က ဆောင့်တက်လာသည်။

ကျွန်မ လက်ထဲမှ ဆွဲကြိုးလေးသည် ပြတ်ထွက်သွားခြင်း မဟုတ်ဘဲ လချိတ်နေရာဟ၍ ကျွတ်ထွက်သွား ကြောင်းသိခါမှ ကျွန်မ သက်ပြင်းဖွဖွ ချမိသည်။

"ကြိုးလေး အဲ့ဆွဲကြိုး ငါ့ကို ပြန်ပေး"

စည်းဝိုင်းအတွင်းမှ မျက်နှာထားတင်းတင်းဖြင့် ပြန်တောင်းနေသော သူ့ကို ကြည့်ကာ လူညစ်လုပ်ချင်သော အာသီသ သည် ပြင်းပျလာသည်။

"မပေးပါဘူး၊ လိုချင်ရင် အပြင်ထွက်ပြီး လာယူလေ"

ကျွန်မ စကားအဆုံးတွင် တကယ်ပင် စည်းဝိုင်းအပြင်သို့ ထွက်လာသောသူ။

"ပြန်ပေးတော့"

"မပေးပါဘူး"

ကျွန်မ ပြောရင်းနှင့်ပင် ဆွဲကြိုး‌ကိုင်ထားသော လက်ကို အနောက်ဘက်သို့ ပို့လိုက်သည်။

"ကြိုးလေး ဒါ စ စရာမဟုတ်ဘူး၊ ပြန်ပေးတော့"

ခုနကအထိ ကျွန်မကို အာပြဲကြီးနဲ့ အော်စခဲ့ပြီး သူ့အလှည့်ကျသိနေသော သူ့အား ကျွန်မ ခေါင်းကိုသာ တွင်တွင်ခါပြလိုက်သည်။

"မပေးဘူး"

ဘယ်လောက်ပြော‌ပြော ခေါင်းအတွင်တွင်ခါ နေသော ‌ကျွန်မ‌ကြောင့်  သူ ကျွန်မလက်အတွင်းမှ လာလုလေတော့သည်။

လုသည်သာ ဆိုသော်လည်း သူက ကျွန်မကို ညှာနေသဖြင့် ဆွဲကြိုးလေးက ကျွန်မ လက်အတွင်းတွင် ရှိနေဆဲ။

"အခု ဘယ်သူက အရူးကြီးလဲ"

ဆွဲကြိုးလေးကို ‌ဟိုဘက်သည်ဘက် ပြောင်းရင်း ကျွန်မ မေးလိုက်သည်။

Colourless (အရောင်မဲ့သော) (Completed)Where stories live. Discover now