"မသုံးဘူး ပြီးတော့ငါ့ကိုYixingဆီသွားခွင့်ပေး"

"အဲ့ကောင်ကိုမင်းအရမ်းတမ်းတနေရင် ငါအဲ့ကောင်ကိုသတ်ပစ်မှာနော်"

"မင်းသိအောင်ပြောပြမယ်xiaozhan
yixingကငါ့ဘဝနဲ့ငါ့ဘေးမှာမရှိမဖြစ်လိုအပ်တဲ့လူတစ်ယောက်

မင်းပေးတဲ့ဒုက္ခတွေကိုငါခံစားနေရချိန် ငါ့ကိုဖေးမပေးတယ်  အမြဲတမ်းပျော်ရွှင်အောင်လုပ်ပေးခဲ့တယ်

သူ့အတွက်ငါပြန်ပေးခဲ့အရာတွေက  မင်းနဲ့ပတ်သတ်တဲ့ခံစားချက်ကြီးတွေပဲ 

ခုတော့ငါမင်းကို အတိအကျပြောတော့မယ် xiaozhan

မင်းထင်နေတဲ့အိမ်ထောင်ရေးကလွယ်ကူမနေဘူး
အိမ်ထောင်ရေးတစ်ခုမှာအချစ်မပါရင်တောင်အနည်းဆုံးသံယောဇဉ်တော့ရှိရမယ်

ဘယ်မှာလဲ မင်းရဲ့အချစ် မင်းရဲ့သံယောဇဉ်
အချစ်မပါသံယောဇဉ်မရှိတဲ့အိမ်ထောင်ရေးကိုထူထောင်လိုက်ရင်လည်း   တစ်သက်လုံး   မသာအိမ်ရောက်နေသလိုချည်းဖြစ်နေမှာ

ငါမင်းကိုချစ်ခဲ့တယ်xiaozhan  ငါ့အချစ်ကကြာရှည်တည်တံ့ခဲ့တယ်ဆိုတာငါသေချာပြောရဲတယ်  ဒါပေမဲ့ မင်းတောင်  ထမင်းကို  ဟင်းတစ်မျိုးတည်းနဲ့နေ့တိုင်းစားနိုင်တာမဟုတ်ဘူးမလား  ငါလည်းထိုနည်းလည်းကောင်းပဲ   မင်းတစ်ယောက်တည်းကိုပဲချစ်ရတာ ငြီးငွေ့လာတယ် 

ခုဆို မင်းကိုချစ်တဲ့ငါ့အချစ်တွေ မင်းသတ်လို့အကုန်သေကုန်ပြီ    ………"

yiboပြောသမျှ  အံ့ကြိတ်ကာ xiaozhanနားထောင်နေသည်

"နောက်ခါဆို  ငါ့ကိုခုလို အလိုမတူပဲခေါ်လာရင် အသေရေဖျက်မှုနဲ့မင်းကိုတရားစွဲရလိမ့်မယ်

ခု ငါစိတ်တွေ ဘာမှမဖြစ်ခင်  တံခါးသော့ဖွင့်ပေး"

yiboရဲ့စကားတွေကြားသေဆုံးသွားသည့်  xiaozhanနှလုံးသား  

/ငါပြောတဲ့စကားလုံးတွေထပ် မင်းလုပ်ရက်ကပိုနာကျင်ခဲ့တယ် xiaozhan 

ငါ့ကိုခွင့်လွှတ်ပါ/

တံခါးသော့ကိုကြည်ကြည်ဖြူဖြူပဲဖွင့်ပေးလိုက်ပါသည်

စာမေးပွဲဖြေသည့်အချိန်အတွင်းသူ့ကိုရှောင်နေသည့်ထိုကလေး  

Will You Marry Me?Where stories live. Discover now