Part-2

2.9K 147 9
                                    

<Unicode>

"တီ..တီ..တီ"
၀မ်ရိပေါ် မန္တလေးမှာအနားယူဖို့စဥ်းစားနေတုန်း ဖုန်း၀င်လာသည်။

"သားလေး ရိပေါ်"
"ဟဲလို အခုပြောနေတာ ဘယ်က အာဂျူးရှီးလဲဗျ ကျွန်တော်နဲ့ သိလို့လား"
"အေးမင်းအမေလင်မင်းအဖေဟေ့ ငါမင်းကို လာသတ်တော့မယ်"
"ပါပါးနော် ကိုယ့်သားကိုယ် အ့လိုပြောတယ်လား မားမားနဲ့တိုင်ပစ်မယ်"

ရိပေါ်က တခြားသူတွေနဲ့သာ အေးစက်စက်ရေခဲတုံးပေမယ့် သူ့မိဘများနဲ့ဆိုရင်တော့ တကယ့် ခလေးဆိုးတစ်ယောက်ပင်ဖြစ်သည်။

"ရိပေါ်နောက်မနေနဲ့ ရုံးချုပ်က အနားပေးတဲ့စာရောက်ပြီမလား အိမ်ဘယ်တော့ပြန်လာမှာလဲ အိမ်ရှိသေးတယ်ဆိုတာကောသိသေးရဲ့လား"
"သိပါတယ်သိပါတယ် တကတည်း ပါပါးတို့များဖြစ်နေလိုက်တာ နားခွင့်ပေးတဲ့စာရောက်လာတည်းက ပါပါးလက်ချက်ဖြစ်ရင်ဖြစ် မဟုတ်ရင်မာမားလက်ချက်မှန်းသိပြီးသား"
"မင်းကို ၀ါသနာပါရာလုပ်ပါစေဆိုပြီး ဟိုကောင်၀မ်ကျူလျှိုနဲ့လွှတ်ထားပေးမိတာကိုက ငါ့အမှား တက္ကသိုလ်လေးတက်ပါဆိုလဲမတက်"
"ဟာ ပါပါး သားတက္ကသိုလ်မတက်တာပဲပြောနေတယ် သားက ကောင်းရာကောင်းကြောင်းလုပ်နေတဲ့ နိုင်ငံတကာထောက်လှမ်းရေးအဖွဲ့မှာ ဒုတိယအတော်ဆုံးလူပါနော် တက္ကသိုလ်ဆိုမှ သားတက္ကသိုလ်တက်တော့မလို့ "

ရိပေါ် ၀မ်ကျူလျှိုအကြောင်းတော့မပြောလိုက်ချေ။ မပြောလဲ သမ္မတဖြစ်တဲ့ သူ့ပါပါးက ဒီသတင်းလောက်ကိုတော့သိပြီးသားဆိုတာ ရိပေါ်နားလည်သည်။

"ဟေတကယ်လား ငါနားကြားများမှားတာလား"
"ပါး တော်ပီဗျာ သားကိုပြန်မနောက်နဲ့ တကယ်ပြောတာပါဆို"
"မနောက်တော့ဘူး ဟုတ်ပီလား ကဲပြော သားဘယ်တက္ကသိုလ်မှာတက်ချင်တာလဲ တရုတ်ပြည်ထဲက သားကြိုက်တဲ့တက္ကသိုလ်ကို လက်ညှိုးထိုးလိုက်ရစေရမယ်"
"ပါပါးကလဲ ထစ်ခနဲရှိ အာဏာသုံးမယ်ဆိုတာချည်းပဲ ရိပေါ်ပါပါးမပီသလိုက်တာ သားတက်ချင်တာက မြန်မာနိုင်ငံက တက္ကသိုလ် မြန်မာနိုင်ငံရဲ့ ယဥ်ကျေးမှုတွေသဘာ၀အလှအပတွေကို ခံစားရင်းအေးဆေးအနားယူချင်လို့"
"မင်းကိုတွေ့ချင်လို့ မင်းကို အိမ်ပြန်လာစေချင်လို့နားအောင်စီစဥ်ထားတာလေ ဘောက်မဲ့ကြောင့် မြန်မာနိုင်ငံဖြစ်ရတာလဲ အိမ်ပြန်လာ"
"မလာဘူး ဒါပဲ"

Dark SideDonde viven las historias. Descúbrelo ahora