~ဒေါက်~ဒေါက်~

"ဝင်လာခဲ့"

"သခင်လေး ကျွန်မပါ ဘယ်သူများနေမကောင်းဖြစ်လို့လဲ"

"ဒီကလေး "

xiaozhanလက်ညှိုးညွှန်ရာကို Dr.ကြည့်လိုက်သည်

မြင်မြင်ချင်းလူတောင် yiboကိုအရမ်းသနားသွားသည် မျက်နှာမှာ အနာနှင့် မျက်စိမှိတ်ထားသော်လည်း ပင်ပန်းနွမ်းနယ်သည့်ပြနေသည့်လက္ခဏာတွေကို မြင်နေရသည်

Dr.ချက်ချင်းပဲ yiboနဖူးလေးစမ်းကြည့်တော့ ပူကျစ်နေသည် အဖျားကပိုတက်လာ၍ တုန်တက်နေသည့်သူ့ခန္ဓာကိုယ်

"ကြည့်ရတာ အားမရှိလိုက်တာ အားဆေးတစ်လုံးထိုးပေးလိုက်မယ် ဆေးကိုပုံမှန်တိုက်ပေး အားရှိမဲ့အစားအစာကိုမစားချင်လည်းချော့ကျွေးလိုက်ပါ ပြီးတော့ ဒီဆေးကို သူ့မျက်နှာပေါ်က အနာပေါ် နေ့တိုင်းလိမ်းပေး မီးလောင်နာဆိုတော့ ဆေးထည့်ထည့်ချင်းအရမ်းစပ်တယ် ခဏတော့သည်းခံခိုင်းပေး "

Dr.ပါစရာရှိတာမှာသွားပြီ ပြန်သွားသည်

ခုလောလောဆယ် ဆေးတစ်ခွက်အရင်တိုက်ဖို့ အစားရှိမှဖြစ်မှာ ထိုကောင်လေး ဘာမှစားထားပုံမရ

xiaozhan သူ့တပည့်တွေကို အနီးအနားဆိုင်ကဆန်ပြုတ်တစ်ခွက်ပြေးဝယ်ခိုင်းလိုက်သည် ဆန်ပြုတ်ရလာတော့သူကိုယ်တိုင်မတိုက်
သူ့တပည့်ကိုတိုက်ခိုင်းသည်

စောက်ချိုးမပြေပါသော်ထိုတပည့်ဟာ အိမ်မှာသူ့မယားကို မပြုစုဖူးဘူးထင်သည် ဆန်ပြုတ်တောင်မတိုက်တတ် အကုန်ဘေးကိုပေကုန်သည်
ဘေးကရပ်ကြည့်နေသည့် xiaozhanစိတ်မရှည်သဖြင့်

"စောက်သုံးကိုမကျလိုက်တာ ဖယ်စမ်း ဆန်ပြုတ်တောင်မတိုက်တတ်ဘူးလားဟမ်"
သူ့တပည့်ကိုတွန်းထုတ်ပြီး သူကိုယ်တိုင် ကုတင်ပေါ်လှဲနေသည့် yiboဘေးဝင်ထိုင်ကာ ဆန်ပြုတ်တစ်ဇွန်း yiboနှုတ်ခမ်းနားတေ့ကာ ပါးစပ်ထဲဖြည်းဖြည်းချင်းတိုက်နေသည်

ဘေးကကြည့်နေသည့်သူ့တပည့်တွေကတော့ ဘာဆက်လုပ်ရမှန်းကိုမသိ

"ထွက်သွားစမ်း အခန်းထဲကဖေဖေလာရင်ငါ့ကိုအမြန်လာပြော"

"ဟုတ် သခင်လေး"

Will You Marry Me?Donde viven las historias. Descúbrelo ahora