အပိုင်း_၂၂

Start from the beginning
                                    

ရိပေါ်သည်ပြဿနာတစ်စုံတစ်ရာပြုခြင်းမရှိဘဲ
မီးဖိုခန်းထဲကိုသာ ဝင်သွားလေသည် ။ ရိပေါ်
ဆန်ပြုတ်ဂျိုင့်လေးကို လှယ်ကာ အိုးထဲအပူပေး
လိုက်သည် ။

ထယ်ဟီးကတော့ ထိုယောကျ်ားအားအပြင်ကို
ပြန်လွှတ်လိုက်ပြီးရိပေါ်ရှိရာကိုရောက်လာ၏ ။

"ဝမ်ရိပေါ် နင်ဘာလာလုပ်တာလဲ
နင်ယူလာတဲ့ဟာကို ငါစားမှာမဟုတ်ဘူး
အပိုတွေလုပ်မနေနဲ့...သွန်ပစ်လိုက်စမ်း"

"အဟက်...ခင်ဗျားကဒါကိုအပိုလို့ထင်နေတာလား
အားအားရှိကိုကို့ကိုပဲခိုင်းစားမနေနဲ့ ခင်ဗျားရဲ့
ကလေးကဘယ်သူနဲ့ရတာလဲ ကျွန်တော့်ကိုကိုနဲ့
ရတယ်လိုတော့မပြောနဲ့နော် ပါးစပ်ပိတ်နေတယ်
ဆိုပြီးခင်ဗျားရောက်တက်မနေနဲ့ ခင်ဗျားကိုယ်ဝန်
က ကိုကို့နဲ့ရတာမဟုတ်ဘူးဆိုတာ ကျွန်တော်သိ
တယ်"

"ဝမ်ရိပေါ် နင်ကရာရာစစ...လူပါးဝလို့"

"ခင်ဗျားကနေမကောင်းတာရောဟုတ်ရဲ့လား
ဟန်ဆောင်နေမှန်းသိသာနေလိုက်တာ...အ..."

ဆူပွက်လာသောဆန်ပြုတ်ကိုခပ်ထည့်နေသော
ရိပေါ်လက်ကလေးကိုသူမတမင်တိုက်ချတော့
လက်ဖွေးဖွေးလေးသည်လွှတ်ကျကာ နီရဲသွား
လေ၏ ။

"ထယ်ဟီး..."

"အဟင့်...မောင်"

"ကိုကို..."

နီရဲကာအရည်ဖောင်းလေးထလာသော လက်ကလေး
ကိုအနောက်သို့ပို့ကာ ရိပေါ်တုန်ရင်နေ၏ ။

"ထယ်ဟီး ဘယ်နားကိုလောင်သွားသေးလဲ"

ထယ်ဟီးသည်ရှောင်းကျန့်ရောက်လာသည့်အသံ
ကြားသည်နှင့် သူမဟန်လုပ်ကာ ရှောင်းကျန့်ရင်
ခွင်ထဲ ပြေးဝင်သည် ။

"ရိပေါ် မင်းပြောတော့အိမ်နားမှာဆို
ဒီကိုဘာလာလုပ်တာလဲ မင်းကိုယ့်ကို
ဘာလို့ညာတာလဲ"

"မဟုတ်ဘူး ကိုကို ကျွန်တော်..."

"မောင် ရိပေါ်ကလေ ထယ်ဟီးကိုဆန်ပြုတ်နဲ့
လောင်းဖို့ကြိုးစားတယ် ထယ်ဟီးရှောင်လိုက်လို့
ရိပေါ်...ဟင့် ရိပေါ်ကထယ်ဟီးနဲ့ဗိုက်ထဲက ကလေး
လေးကိုလည်း သတ်မယ်ပြောသေးတယ်..."

💕 ချစ်ရ​သော ကိုကို 💕 ( YiZhan ) [ Completed ]Where stories live. Discover now