အပိုင်း_၂၂

Start from the beginning
                                    

"ဟင့်"

ရှောင်းကျန့်ထိန်းချုပ်ထားသည့်ကြားမှမျက်ရည်တို့
သည်ကျဆင်းလာကာ ရှိုက်သံကထွက်သွားသေး၏ ။

"ကုိယ်ကလေးဆီသွားခဲ့ပေမယ့်နောက်ကျသွားတယ်
ကိုယ်ကလေးကိုဆုံးရှုံး...ဟင့်အင်း ကိုယ်မင်းကို
စိတ်ပူတယ် ရိပေါ်"

"အင်းပါ ဟုတ်ပါပြီ ရိပေါ်နားလည်ပါပြီ ကိုကိုရယ် ကိုကိုသိပ်ပြီးမစိုးရိမ်ပါနဲ့ အခုနေ့လယ်စာကိုလည်း
ပုံမှန်စားနော် ကိုကို"

ရိပေါ်ဖုန်းလေးချသွားပြီးနောက် တိုက်ခန်းတစ်နေ
ရာရှေ့ခြေအစုံရပ်လိုက်သည် ။ လက်ထဲတွင်လည်း
ဆန်ပြုတ်ဘူးလေးကိုင်ထားသေးသည် ။

"ခဏလေးစောင့်နော် ကျိုးချန်
ဆန်ပြုတ်ပေးပြီးပြန်ခဲ့မယ်"

"အေးပါ မင်းပဲအဲ့မိနး်မဆိုးမကိုစေတနာထားသိလား
ငါတော့မေတ္တာကိုမရှိဘူး"

"မင်းကလဲကွာ...ကိုကိုနဲ့ကမကင်းဘူးလေ"

"တော်စမ်းပါကွာ မင်းကိုကိုဆိုတဲ့လူက
နွားကျခံနေတာ"

"ဟေ့ စိတ်လျော့ကွာ ခဏဆိုပြန်လာခဲ့မယ်
ဟုတ်ပြီလား အိုကေနော်"

ရိပေါ်အပြုံးလှလှလေးဖြင့်ပြုံးကာပြောတော့
ကျိုးချန်လေပူပြင်းများမှုတ်ထုတ်ကာ ခေါင်း
ငြိမ့်ပြလေသည် ။

"တင်း တောင်..."

ရိပေါ်အခန်းတံခါးရှေ့ဘဲလ်ခလုတ်လေးကိုနှိပ်တော့
ထယ်ဟီးတံခါးလာဖွင့်၏ ။

"ဘာလာလုပ်တာလဲ ဝမ်ရိပေါ်"

ရိပေါ်သည်ထယ်ဟီးစကားကိုအဆုံးထိနားမထောင်
ဘဲ တိုက်ခန်းထဲကိုဝင်သွား၏ ။

"ထယ်ဟီး...ကိုယ်ပြန်!!"

"ဝမ်ရိပေါ် အခန်းထဲဘာလို့ရမ်းသမ်းဝင်တာလဲ"

ရိပေါ်သည်ထယ်ဟီးအခန်းရှိယောကျ်ားတစ်ဦးကို
မြင်မိတော့ အံ့ဩနေ၏ ။ ထယ်ဟီးသည်လည်း
သူခိုးလူမိသွားသည့်အလား မျက်စိမျက်နှာပျက်နေ
သည် ။

"စိတ်မရှိပါနဲ့ ကျွန်​ေတာ်ခင်ဗျားအတွက်ဆန်ပြုတ်
ယူလာပေးတာ ပူသွားအောင်ပြန်နွေးပေးမယ်
လမ်းမှာယူလာတော့ အေးနေလောက်ပြီ"

💕 ချစ်ရ​သော ကိုကို 💕 ( YiZhan ) [ Completed ]Where stories live. Discover now