part 3

16.3K 1.3K 101
                                    

သဝန်တိုနည်းပေါင်းချုပ်-part 1

ယီ တစ်ယောက် ပိုင်းလော့ကျင်းနဲ့အတူ သိုင်းလေ့ကျင့်ပြီး အဆောင်ပြန်လာခြင်းပင်။

တစ်ကိုယ်လုံးက သွေးကြောတွေက လူပ်ရှားလိုက်လို့ ထင်ပေါ့ပါးလန်းဆန်းလို့

တတ်ကြွတဲ့ခြေလှမ်းတွေနဲ့ အဆောင်စီပြန်ရာလမ်းမှာ
စိတ်တွေရွှင်ပြနေသည်

အဆောင်စီရောက်တာတောင် မပြဲုးရုံတမယ်။

အဆောင်တံခါးဖွင့်ဖို့ လက်လှမ်းခိုက် အထဲကစကားပြောသံတွေကြားလိုက်ရသည်။
ယီ မျက်မှောင်ကျုံ့မိသွားသည်
ဒီအချိန်က ဖူယွင့်စန်းကျောင် လုယိ ကိုသိုင်းသင်ပေးနေရမည့်အချိန် မဟုတ်ပါလား

နဂိုအကြားအားရုံကောင်းပေမယ့်
အဆောင်တံခါးနားလေးကပ်ကာနားစိုက်ထောင်နေလိုက်သည်။

တစ်ဖက်က ပြစ်ချွဲချွဲမိန်းကလေးအသံကြားတာမလို့
အဆောင်ထဲဒုန်းစိုင်းနင်းကာဝင်သွားတော့သည်

ယီ တံခါးဖွင့်လိုက်တဲ့အရှိန်က မသေးတာမလို့
အထဲကလူနှစ်ယောက်မှာ စကားပြောခြင်းတွေရပ်တန့်ကုန်သည်

"ယီ အလျှင်စလိုနဲ့ ဘာဖြစ်လာလို့လဲ"

ဖူယွင့်စန်းကျောင်အမေးကို ယီဂရုမစိုက်သလိုနဲ့ ဖူယွင့်စန်းကျောင်ဘေးက
လူကိုတစ်ချက်လောက်မျက်လုံးစွေကြည့်ခဲ့သေးသည်

လက်ထဲကဓားကို ထားနေကျနေရာထားလိုက်ကာ
သုန်မူန်နေတဲ့မျက်နှာနှင့်

"ဘာဖြစ်ရမှာလဲ
ကိုယ့်အဆောင်ကိုပြန်လာတာ
ဘယ်လိုပြန်လာပြန်လာပေါ့"

ဘောက်ဆက်ဆက်အပြောက တလောကလုံးကိုလူမထင်သည့်စရိုက်မျိုးနဲ့။

ဖူယွင့်စန်းကျောင် ဧည့်သည်ကိုအားနာလှတာမို့ ဘာမှမပြောတော့ပဲ အံကြိတ်ထားရသည်။

ရှိဟိုင် အခြေနေကိုနားလည်စွာနဲ့ မက်တပ်ထရပ်ကာ ယီကိုနူတ်ဆက်လိုက်သည်။

"ကျမနာမည်က ရှိဟိုင်ပါ
ဒီက အကိုဖူရဲ့အမျိုးသားဖြစ်မယ် "

အကိုဖူ....!
ယီ စိတ်ထဲကနေမကျေနပ်စွာရေရွတ်လိုက်သည်။
ခေါ်ပုံကိုက အချိုးမပြေလိုက်တာ။

ရွဲ့ယီ /ရှဲ့ယီ(Completed 🚨🚨)Where stories live. Discover now