part 9

2.8K 219 3
                                    


(Zawgyi)

sehun pov,

ကျနော့်ရဲ့သားသည်ခရစ္စမတ်နေ့မှာတင်ဘဲနိုင်ငံခြားသို့ပြန်သွားခဲ့သည်...သားကိုတားချင်သော်လည်း'ကျ​နော့်​အတွက်​အချိန်​လိုလို့ပါ 'ဟုကျ​နော့်​မျက်​နှာကိုတစ်​ချက်​မကြည့်​ဘဲထွက်သွား​သော​သားရဲ့​ကျောပြင်​ကိုကြည့်​ရင်းဝမ်းနည်းစိတ်​များလှိုက်​တက်​လာခဲ့သည်​..သူ့လုပ်​ရက်​များမှား​လေပြီလားဟု​နောင်​တတရား​တွေဝင်​လာခါနီးတွင်​မှာပင်​က​လေးရဲ့မျက်​နှာ​လေးကိုမြင်​လိုက်​ရသည့်​အချိန်​တွင်​​ပျောက်​ကွယ်​သွားခဲ့သည်

*​ဖေ​ဖေ့ရဲ့အတ္တကြီးမှု့ကိုခွင့်​မလွှတ်​ပါနဲ့သား*

အခုကျ​နော့်​ရင်​ခွင်​ထဲတွင်​မှီကာပုံပြင်​စာအုပ်​ဖတ်​​နေ​လေသည်​..​ခေါင်းကအငြိမ်​မ​နေကျ​နော့်​ရဲ့ကြယ်​သီးနှစ်​လုံးဖြုတ်​ထား၍အနည်းငယ်​​ပေါ်​နေ​သောရင်​ဘတ်​နားသို့လှုပ်​ကာလှုပ်​ကာဖြင့်​ကျွဲ​ပေါက်​​လေး​ခွေ့​နေသလိုလုပ်​​နေသည်​...ထိုမသိမသာချွဲတက်​​သောချစ်​စရာ​ကောင်း​သောက​လေးကို​သွေးသားရင်းဖြစ်​သူကျ​နော်​သားနဲ့​တောင်​ပြိုင်​ဆိုင်​၍လုယူခဲ့ရသည်​မဟုတ်​လား..

'က​လေး...ဦးနဲ့တစ်​သက်​လုံးအတူ​နေရမယ်​​နော်​..ဦးဆီကထွက်​မသွားရဘူး​..သိလား'

ကျ​နော့်​ရဲ့​ပြောစကား​ကြောင့်​မျက်​လုံး​လေးလှန်​ကာကြည့်​လာသည့်​က​လေး..ပြီး​တော့ကျ​နော့်​ကိုပြုံးပြလာကာ.

'သားသားက..ဒီကဦး​ချော​ချောဆီကထွက်​မသွားပါဘူးခင်​ဗျ..'

အသည်းယားစရာ​ကောင်း​အောင်​​ပြောလာ​သောက​လေး​ကြောင့်​ကျ​နော်​နှစ်​ခြိုက်​စွာပြုံးလိုက်​ပြီးရင်​ခွင်​ထဲကကိုယ်​​သေး​သေး​လေးကိုတင်းကတင်းကျပ်​ကျင်​ဖက်​ထားလိုက်​သည်​..

_____________________________________
အိမ်​တွင်​​နေကာက​လေးနဲ့တစ်​တီတူးခဲ့၍ရုံးမလာခဲ့တဲ့အကျိုးဆက်​သည်​ယခုတွင်​​တော့အလုပ်​များသည်​​တောင်​လိုပုံ​နေခဲ့သည်​..စာရင်းများမကိုက်​၍လည်းဝန်​ထမ်း​တွေကို​​အော်​ဟစ်​၍​နောက်​အလုပ်​ဖြုတ်​ပစ်​မယ်​ဟုခြိမ်း​ခြောက်​ကာအခု​တော့ကျ​နော်​ဘဲပြန်​စိစစ်​​နေရသည်​..CEOဖြစ်​ရတာအ​ပေါ်ယံဂုဏ်​ရှိတာမှန်​​ပေမဲ့အလုပ်​တွင်​​တော့ဝန်​ထမ်းများထက်​နှစ်​ဆလုပ်​ရသည်​..ပြိုင်​ဘက်​ကုမ္ပဏီများကလည်းကိုယ့်​ကိုမ​ကျော်​တက်​​အောင်​အကွက်​​ရွှေ့၍လုပ်​ရသည်​မှာလည်းဦး​နှောက်​​ခြောက်​သည့်​ကိစ္စတစ်​ရပ်​ပင်​..သို့​ပေမဲ့ကျ​နော်​သည်​စီးပွား​ရေးလုပ်​ငန်းကိုအရင်​ထဲက၀ါသနာပါခဲ့သူဖြစ်​၍ထိုအလုပ်​များကိုလုပ်​ရသည်​ကိုပင်​ပန်းတယ်​လို့မထင်​​ပေ..ကျ​နော်​​အောင်​မြင်​မည်​ဟုထင်​၍လုပ်​လိုက်​သည့်​ကိစ္စတိုင်းတွင်​အကျိုးမြတ်​ကြီးကြီးရ​သော​ကြောင့်​ရှယ်​ယာဝင်​ချင်​သည့်​သူ​ဋ္ဌေး​တွေသည်​ခပ်​များများရယ်​..

Story of a flower✿(Rated_M)[SeBeak](zawgyi+unicode)(Completed)Where stories live. Discover now